Get Mystery Box with random crypto!

“ တိုက်ပွဲအခြေအနေက ဒီနေ့တော်တော်လေးပြင်းထန်တယ်လို့ ကြားရပါတယ်။ | EDM 017's Channel

“ တိုက်ပွဲအခြေအနေက ဒီနေ့တော်တော်လေးပြင်းထန်တယ်လို့ ကြားရပါတယ်။ ခါတိုင်းဖြစ်တဲ့ အလော့ဘွမ်တောင်ခြေရင်းဘက်မှာပေါ့နော်။ မြို့သစ် ကုန်းလော အဲ့ဘက်မှာပေါ့။ လေကြောင်းနဲ့လည်းတိုက်တယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်။ မြေပြင်ကလည်းတက်လာတယ်။ အဲ့လောက်တော့ ကျွန်တော်သိထားပါတယ် ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲ့ဒီ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ နီးပါးသေပြီး ၈၀ ကျော်ဒဏ်ရာရရှိကာ တပ်ဆုတ်သွားတယ်လို့ ကချင်သတင်းအရင်းမြစ်တွေက ဖော်ပြနေကြပေမယ့် KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။

“ အဲ့တာတော့ ကျွန်တာ်အတည်ပြုပေးလို့မရသေးဘူး။ ဒီနေ့ စစ်ရေးသတင်းတွေအကုန်ကျွန်တော့်ဆီမရောက်သေးဘူး ” လို့ ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ပါပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ဘဲ အကျအဆုံးတွေနဲ့ ပြန်ဆုတ်သွားရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် လူမှုမီဒီယာတချို့မှာဖော်ပြနေတာပါ။

အလော့ဘွမ်တပ်စခန်းကို KIA က ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ကြိုးစားနေရာ မအောင်မြင်ဘဲအကျအဆုံးများနေတာလည်းဖြစ်ပါတယ်။

အလောဘွမ်ဗျူဟာကုန်း စစ်စခန်းကို မေလ ၅ ရက်နေ့ ညပိုင်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လေယာဉ်တစ်စင်းနဲ့ နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

https://www.facebook.com/216265185075061/posts/4353571278011077/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

(2/2)