Get Mystery Box with random crypto!

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလတံတားအနီး ရာဇာ | EDM 017's Channel

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလတံတားအနီး ရာဇာဓိရာဇ်လမ်းမပေါ်ရှိ အမှတ် (၆၅၆) ရေတပ်အဝင်ဂိတ်တွင် မေလ ၆ ရက်၊ ည ၇ နာရီအချိန်ခန့်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

“၂ လုံးဆက်တိုက်ပေါက်တာ။ အသံတော်တော်ကျယ်တယ်။ တလုံးပေါက်ပြီး နောက် ၁ မိနစ်လောက်ပဲ ကြာမယ် ထပ်ပေါက်တာ။ အခုထိအငွေ့တွေ ထွက်နေတုန်းပဲ” ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

လက်ရှိတွင် စစ်သားနှင့် ရဲများ ရာဇာဓိရာဇ်လမ်းမသို့ ရောက်ရှိနေပြီး ဗုံးဖောက်သူကို လိုက်ရှာမည်ဟုဆိုကာ အဆိုပါလမ်းမကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

The Irrawaddy
https://m.facebook.com/story.php?story_fbid=4462406557136795&id=121507374560090

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017