Get Mystery Box with random crypto!

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်အတွင်း၌ လက်တလောဖြစ်ပွားနေသည့် | EDM 017's Channel

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်အတွင်း၌ လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ကမ္ဘာက တားမြစ်ထားသည့် လေယာဉ်ဓါတုဗုံးများ အသုံးပြုတိုက်ခိုက်နေသည်ဟု သတင်းများထွက်ပေါ်နေမှုကို အတည်ပြု၍ မရနိုင်သေးကြောင်း နှင့် စစ်ဆေးဆဲ ဖြစ်ကြောင်း KIA သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သံလွင်ခက်ကို ပြောသည်။

"တွေ့ရှိချက်တွေ ကျွန်တော်တို့ဆီမှာ ဘာမှ မရှိခဲ့ပါဘူး။ Social Media မှာ အရပ်ဖက်က ကြေညာတဲ့ သတင်းပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ အတည်ပြုတဲ့သတင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့က အတည်ပြုလို့မရဘူး။ စစ်ဆေးနေတုန်း ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

ယ‌မန်နေ့ညက စစ်ကောင်စီ၏ ဓာတုလေယာဉ်ဗုံး အသုံးပြုမှုရှိသည်ဟုဆိုကာ သတင်းရေးသားမှုများ ပြန့်နေခဲ့သည်။

သံလွင်ခက် - Than Lwin Khet News
https://m.facebook.com/story.php?story_fbid=1218882785210951&id=202214196877820

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017