Get Mystery Box with random crypto!

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စပါးထားကျေးရွာမှာ လက်နက်ကြီ | EDM 017's Channel

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စပါးထားကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး လူ ၃ ဦး ဒဏ်ရာရခဲ့လို့ သူတို့ထဲက ၂ ဦးကို စစ်တွေဆေးရုံကို ပို့လိုက်ရပါတယ်။

တောထဲ ထင်းခုတ်သွားချိန် တောင်ပေါ်မှာတွေ့တဲ့ အဲဒီကျည်ကို ဒဏ်ရာရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးစိန်လှိုင်ဆိုသူက ယူလာပြီး ပေါက်ကွဲမှု ဖြစ်မှာစိုးလို့ ချောင်းထဲ ပစ်ချဖို့ အသွားမှာ ကျည်ပြုတ်ကျပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်ကလည်း စပါးထားကျေးရွာမှာ မပေါက်သေးတဲ့ကျည်တစ်ခုကို ကလေးတစ်ယောက်က တွေ့ပြီး ခွဲမိလို့ လူ ၁ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017