Get Mystery Box with random crypto!

စစ်‌ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယ | EDM 017's Channel

စစ်‌ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံ၊ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ်လည်း တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့် မတ်လက ခန့်အပ်လိုက်ကြောင်း သိရသည်။

ယခင်က MIC ဥက္ကဋ္ဌ တာဝန်ကို စစ်ဘက်မှမဟုတ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သူ အရပ်သားကို ခန့်အပ်လေ့ရှိသည်။

ယခု MIC ၏ ဥက္ကဋ္ဌ ဖြစ်လာသူ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က အရေးယူဒဏ်ခတ်မှု ပြုလုပ်ထားသည့် အဓိကတာဝန်ရှိသော မြန်မာစစ်ခေါင်းဆောင် ၁၁ ဦးအနက် တစ်ဦး အပါအဝင် ဖြစ်သည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/08/241619.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017