Get Mystery Box with random crypto!

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total ဟာ မြန်မာစစ်တပ်ကို သဘာဝဓာတ်ငွ | EDM 017's Channel

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total ဟာ မြန်မာစစ်တပ်ကို သဘာဝဓာတ်ငွေ့ခွန်တွေ တနည်းတဖုံနဲ့လှည့် ပေးနေတယ်လို့ သတင်းဖော်ပြခဲ့တဲ့ ပြင်သစ်သတင်းစာ Le Monde မှာ ထည့်ဖို့ရှိတဲ့ကြော်ငြာတွေကို မထည့်တော့ဘူးဆိုပြီး သတင်းစာဘက်က ပြောလာပါတယ်။

အခုတော့ Total ဟာ လာမယ့်သီတင်းပတ်တွေမှာ သတင်းစာထဲထည့်မယ့် ကြော်ငြာတွေကို ပြန်ရုတ်သွားတယ်လို့ သတင်းစာဘက်က ပြောပါတယ်။ Total ဟာ မြန်မာကနေ ထိုင်းနိုင်ငံကို ဆက်သွယ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို လက်ရှိစစ်တပ်အောက်ရောက်နေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နဲ့ အကျိူးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့စာရွက်စာတမ်းတွေရထားတယ်လို့ သတင်းစာက ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017