Get Mystery Box with random crypto!

ဒီနေ့ မေလ ၈ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် | EDM 017's Channel

ဒီနေ့ မေလ ၈ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်​ဟူးနဲ့နောင်ချိုကျေးရွာကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်(AA)၊ တအာင်း(TNLA)၊ ကိုးကန့်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ ၄ နာရီခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် တပ်မ ၃၃၊ ခမရ ၁၂ က ဟွေခုတ်ကျေးရွာဘက်ကနေ TNLA၊ AA၊ MNDAA ပူးတွဲစစ်ကြောင်းတို့ရှိတဲ့ နမ့်​ဟူး​နဲ့ နောင်ချိုကျေးရွာကြား လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Shwe Phee Myay News Agency
https://www.facebook.com/451214215694715/posts/949485829200882/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017