Get Mystery Box with random crypto!

မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးမှ ၂၀၂ | EDM 017's Channel

မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးမှ ၂၀၂၂ မတ်လအထိ အမြတ်အစွန်း ရမည်မဟုတ်ကြောင်း ဂျပန်ကုမ္ပဏီ ဆုမိတိုမို ကော်ပိုရေးရှင်းက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန် KDDI နှင့် ဆုမိတိုမို ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။ “မြန်မာနိုင်ငံထဲက ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက် လည်ပတ်သွားမှာပါ” ဟု ဆုမိတိုမို ဘဏ္ဍာရေးမှူးချုပ် မာဆာရုရှိအိုမိက သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဖြေကြားသည်။

သူတို့၏ လုပ်ငန်းများအား အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။

Development Media Group
https://m.facebook.com/story.php?story_fbid=2009109759241425&id=466648543487562

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017