Get Mystery Box with random crypto!

ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံတစ်စင်း Long March | EDM 017's Channel

ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံတစ်စင်း Long March 5 B ၏ ကြီးမားသော အပိုင်းကြီးတစ်ခုသည် ကမ္ဘာ့လေထုထဲ ပြန်လည်၀င်ရောက်ခဲ့ပြီး မေလ ၉ ရက်တွင် အိန္ဒိယသမုဒ္ဒရာထဲ ကျကာ တစ်စစီဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ် အာကာသအေဂျင်စီက ပြောသည်။

ယင်းမတိုင်မီက အလေးချိန် ၁၈ တန်ရှိ အဆိုပါ ဒုံးပျံအစိတ်အပိုင်း မည်သည့်နေရာသို့ ကျရောက်လာမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး စိတ်ပူပန်စရာ ကောလာဟလ ထင်ကြေးပေးမှုများ ထွက်ပေါ်ထားခဲ့သည်။ ကမ္ဘာမြေ၏ ၇၀ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားသည့်အတွက် မည်သည့် အာကာသအပျက်ထည်မဆို သမုဒ္ဒရာထဲသို့သာ ကျဆင်းလိမ့်မည်ဟု ကျွမ်းကျင်သူတစ်ချို့၏ ကြိုတင်ခန့်မှန်းချက်များနှင့် ယခု ဒုံးပျံ ဆင်းသက်မှုက တူညီနေခဲ့သည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/79917

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017