Get Mystery Box with random crypto!

လက်ရှိ ပြည်သူများ ဘဏ်များမှငွေထုတ်များ နေမှုကို ရပ်တန့်ဖို့အတွ | EDM 017's Channel

လက်ရှိ ပြည်သူများ ဘဏ်များမှငွေထုတ်များ
နေမှုကို ရပ်တန့်ဖို့အတွက် ငွေကျပ်တန်အသစ်
များထပ်မံရိုက်နှိပ်မယ်လို့ ကောလဟလများ
ထွက်ပေါ်လာနေပါတယ်။

ဒီနေ့မေလ၉ရက်နေ့မှာပြုလုပ်တဲ့ ရွှေစျေးနှုန်းတည်ငြိမ်စေရေး YGEA လေးလပတ်အစည်းအဝေးမှာ နှစ်သောင်းတန်၊ ငါးသောင်းတန်နှင့် အခြားကောလာဟာလ သတင်းများကို အသင်း၀င်များအနေဖြင့် လုံး၀မယုံကြည်ကြဖို့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ထွက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ ဧရာ၀တီဘဏ်ကနေ တစ်နေ့ကို
ငွေသား သုံးဘီလီလျံကျပ်၊ ကမ္ဘောဇဘဏ်က
နေ တစ်နေ့ကို ငါးဘီလီလျံကျပ်ခန့် ထုတ်ပေး
နေရပြီး မေလ ၇ ရက်နေ့ ဘဏ်များ အစည်း
အဝေးများအရ ငွေသားထုတ်ခွင့်ကို ထပ်မံ
လျော့ချခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာတော့ အကြမ်းအားဖြင့် ဘီလီယံ ငါးဆယ်ခန့် ငွေသား ကျန်ရှိနေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း နေကြပြီး ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို ငွေသားထပ်မံပေးခြင်းကို ကန့်သတ်လိုက်ကြတယ်လို့ သိရပါတယ်။

Delta News Agency
https://m.facebook.com/story.php?story_fbid=1392610404449987&id=662575584120143

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017