Get Mystery Box with random crypto!

မြန်မာပြည်ရှိဘဏ်များကို Sanction ချမှတ်သည်ဟုဆိုကာ ရေးသားနေမှုမ | EDM 017's Channel

မြန်မာပြည်ရှိဘဏ်များကို Sanction ချမှတ်သည်ဟုဆိုကာ ရေးသားနေမှုများသည် သတင်းမှားသာဖြစ်ပြီး လွန်ခဲ့သည့် မတ်လက မြန်မာစစ်တပ်အတွက် တစ်ဆင့်ခံဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ်များအား ထုတ်ပြန်ထားခြင်း ကိုတည်၍ မဟုတ်မမှန်ရေးသားနေကြခြင်းသာဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သမဂ္ဂအဖဖွဲ့ချုပ် ITUC မှ မတ်လတွင်ထုတ်ပြန်ခဲ့သည့် Sanction ချမှတ်ခံထားရသည့် မြန်မာစစ်တပ်မှ ခေါင်းဆောင် ၁၁ဦးအတွက် တစ်ဆင့်ခံဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ် ၂၃ဦး စာရင်းတွင် ဘဏ်များကိုချုပ်ကိုင်ထားသူများ ပါဝင်နေခြင်းဖြစ်ပြီး အဆိုပါစာရင်းကိုမူ ITUC က ပြန်လည်ဖြုတ်ချထားသည်။

ITUC မှ ထုတ်ပြန်ချက် (ဖြုတ်ချထားပြီဖြစ်၍ Error 404 ပြပါသည်)
https://www.ituc-csi.org/list-of-proxies-for-myanmar

လက်ရှိအချိန်အထိ အီးယူနှင့် အမေရိကန်နိုင်ငံတို့မှ Sanction ချမှတ်အရေးယူမှုတွင် မြန်မာပြည်ရှိ ဘဏ်များ မပါဝင်သေးပါ။

ပြန့်နေသည့်သတင်းရင်းမြစ် (မတ် ၂၃)
https://www.facebook.com/100004761301703/posts/1908082189360473/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017