Get Mystery Box with random crypto!

မြင်းခြံခရိုင် တလုပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံမျ | EDM 017's Channel

မြင်းခြံခရိုင် တလုပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံများအကြား မေလ ၁၂ ရက် ယနေ့မနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်နေပြီး စစ်ကောင်စီဘက်မှ တစ်ဦး ကျည်ထိဒဏ်ရာရသွားသည်ဟု တလုပ်မြို့ခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ယနေ့မနက်အထိ အနည်းဆုံးရွာသား ၄ ဦး ကျည်ထိမှန်ထားပြီး အခြေအနေမစိုးရိမ်ရဟု တလုပ်မြို့ခံမှ ဆက်ပြောသည်။ မေလ ၁၁ ရက် ညနေပိုင်းတွင် တလုပ်မြို့ ရဲတိုင်ရွာအနီးမှာ ဒေသခံများ၏လက်လုပ်မိုင်းကြောင့် စစ်ကောင်စီတပ်သား ၇ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်ဟု တလုပ်မြို့ခံမှ ဆက်ပြောသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ရွာအတွင်းသို့ မဝင်နိုင်သေးပဲ ရွာအစွန်က တိုက်မြင့်တွေပေါ်မှာ နေရာယူခါးကြသည်ဟု သိရသည်။

ယနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်မှ တပ်ကူများရောက်ရှိဘာပြီး စုစုပေါင်း စစ်ကောင်စီတပ်သား သုံးရာကျော်ရှိပြီဟု တလုပ်မြို့ခံက ခန့်မှန်းပြောဆိုသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1193294017774609/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017