Get Mystery Box with random crypto!

မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်လာသူအချို့ စုပေါင်းပြီး မွန်တိုင်း | EDM 017's Channel

မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်လာသူအချို့ စုပေါင်းပြီး မွန်တိုင်းရင်းသားလူမျိုးများအတွက် မွန်ရေးရာ အဖွဲ့သစ်တစ်ခုကို ယခုလ မေလအတွင်း အပြီးတိုင် ဖွဲ့စည်းတည်ထောင်သွားမည်ဟု ပါတီမှနုတ်ထွက်ခဲ့သူ နိုင်မွန်ရာဇာ ပြောကြားသည်။ ယခု မေလအတွင်း အပြီးသက်ဖွဲ့စည်းမည့် မွန်ရေးရာအဖွဲ့ အတွက် ဖွဲ့စည်ပုံအခြေခံစည်းမျဉ်း ရေးဆွဲနေပြီးဖြစ်ကြောင်း အဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်သည့် နိုင်မွန်ရာဇာက ပြောသည်။

လက်ရှိအချိန်တွင် မွန်ရေးရာအဖွဲ့ဟု အမည်တက်ထားပြီး ညှိနှိုင်ပြင်ဆင်မှု လုပ်ဆောင်ရန်လိုအပ်ပါက ဆွေးနွေးညှိနှိုင်းပြီးမှ အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။ အဆိုပါအဖွဲ့ကို မော်လမြိုင် အခြေစိုက်ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်းသားများ ပါဝင်လာနိုင်အောင် မြို့နယ်အဆင့်သို့တိုင် ဖွဲ့စည်တည်ထောင်သွားမည်ဟုလည်း နိုင်ရဲဇော်ကဆိုသည်။

RISE News
https://m.facebook.com/story.php?story_fbid=4563032380377890&id=2741985585815921

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017