Get Mystery Box with random crypto!

ဒဂုံတက္ကသိုလ် နားနေဆောင်အနီး​မေလ ၁၄ ရက်​နေ့ ဗုံးပေါက်ကွဲမှုဖြ | EDM 017's Channel

ဒဂုံတက္ကသိုလ် နားနေဆောင်အနီး​မေလ ၁၄ ရက်​နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်သည်ဟုဆိုကာ ဓာတုဗေဒဌာနတွင် ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသား နှင့် သူငယ်ချင်း ၂ ဦး စုစု​ပေါင်း ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

နားနေဆောင်အနီးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ နယ်မြေဝန်ထမ်း ထွန်းဇော်မြင့်ဆိုသူက စွပ်စွဲသတင်းပို့သဖြင့် ရန်ကင်းဆောင်အနီး နှင့် ဓာတုဗေဒ အဆောင်အတွင်းတို့တွင် မွန်းတည့် ၁၂ နာရီခန့်က စစ်တပ်နှင့်ရဲက ဝင်ရောက်၍ အသီးသီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု သိရှိရသည်။ ဖမ်းဆီးခံရသူ ၃ ဦးကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1195240940913250&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017