Get Mystery Box with random crypto!

မေလ ၁၂ ရက်နေ့မှာပဲ 'မြင်းခြံဆေးရုံ တပ်စွဲထားတဲ့ ရဲများ သေနတ် ၁ | EDM 017's Channel

မေလ ၁၂ ရက်နေ့မှာပဲ "မြင်းခြံဆေးရုံ တပ်စွဲထားတဲ့ ရဲများ သေနတ် ၁၃ လက်ကို သိန်း ၃၀ နဲ့ ရောင်းပြီး CDM ဝင်သွားဟု သတင်းထွက်ပေါ်နေ" လို့ Credit ပေးပြီး ရေးသားထားတဲ့ ပိုစ့်တစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါ ပိုစ့်ကိုတော့ react ပြုလုပ်သူ 1.7K နဲ့ ပြန်လည်မျှဝေသူ 411 ဦးရှိနေပါပြီ။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေကိုလဲ အများအပြားတွေ့နေရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးချက်တွေအရ
- မြင်းခြံဒေသခံ ၂ ဦးကို ဆက်သွယ်မေးမြန်းခဲ့ပြီး ၂ ဦးလုံးဟာ သတင်းတုသာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
- အဆိုပါသတင်းတုကို တင်ခဲ့တဲ့ ခင်မောင်ဌေးဆိုတဲ့ အကောင့်ကို တွေးပြီးမှယုံက ဆက်သွယ်ကြည့်ရာ အကြောင်းပြန်ထားခြင်း မရှိသေးပါဘူး။
- ဒါ့အပြင် တခြားလွတ်လပ်တဲ့ မီဒီယာတွေကနေလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာမျိုး မရှိပါဘူး။
ဒါကြောင့် ဒီသတင်းဟာ ကောလဟာလ အဖြစ်သာ ပြန့်နှံ့နေတဲ့ သတင်းတုသာ ဖြစ်ကြောင်း ဖော်ပြပေးလိုပါတယ်။

တွေးပြီးမှယုံ
https://m.facebook.com/story.php?story_fbid=1652541321612586&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017