Get Mystery Box with random crypto!

မြန်မာစစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ | EDM 017's Channel

မြန်မာစစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကိုဟာ ဒီနေ့ မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဂျပန်နိုင်ငံ ချီးဘာခရိုင် နာရီတာ လေဆိပ်ကိုပြန်လည်ရောက်ရှိလာပါတယ်။

ဂျပန်ကို ပြန်ရောက်ရောက်ချင်း လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ယူကီက သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်းနဲ့ လက်ရှိသူ့အနေနဲ့ သတင်းသမားတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ ပေးချင်တဲ့ သတင်းစကားတွေကို ဂျပန်အပါအဝင်တကမ္ဘာလုံးကသိအောင်လုပ်ဆောင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

DVB TV News
http://burmese.dvb.no/archives/463851

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017