Get Mystery Box with random crypto!

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပ | EDM 017's Channel

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပါတီဖြစ်သည့်အတွက် ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတင်းစကားပါးလိုက်သည်။

“အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်လို့ပြောတယ်။ ပါတီထောင်တာတာလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ပါတီရှိနေပါမယ်လို့ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကယနေ့ပြုလုပ်သည့် ရုံးချိန်းအပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ကောင်စီရုံးအတွင်းရှိ အဆောက်အဦတစ်ခုတွင် ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

https://www.facebook.com/563568467156425/posts/1793307170849209/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017