Get Mystery Box with random crypto!

နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံအတွင်းမှာ ဒေါ်အောင်ဆန်းစ | EDM 017's Channel

နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

''ဒီနေ့မနက် ၈ နာရီမှာ ကျမတို့ ရှေ့နေ ၆ ယောက်ပေါ့၊ ဒေါက်တာမျိုးအောင်အတွက် ရှေ့နေ တစ်ယောက်အပါအဝင် အားလုံး အမှတ် ၁ ရဲစခန်းကို သွားရတယ်။ အဲဒီကနေ သူတို့ခြံရံနဲ့ရဲကားနဲ့ နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံကို ကျမတို့ကိုခေါ်သွားပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရပါတယ်။ အဲဒီမှာ အမှုသွားအမှုလာအတွက် ရှေ့နေနဲ့ အမှုသည်ကြား နာရီဝက် instruction ယူရပါတယ်'' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ instruction ယူဖို့ ရှေ့နေနဲ့ အမှုသည် နာရီဝက်ပဲ တွေ့ဆုံခွင့်ရတာ အချိန်နည်းတယ်ဆိုပြီး ပြောတာမျိုး ရှိတယ်လို့ ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017