Get Mystery Box with random crypto!

စစ်တပ်ကို နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးပြီး ဒီမိုကရေစီ ခေါင်းဆ | EDM 017's Channel

စစ်တပ်ကို နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးယူခြင်းကို ပိတ်ပင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သူ တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုးသည် တနင်္လာနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ သူသည် အသက် ၉၆ နှစ်တွင် သေဆုံးခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းရေးဆွဲစဉ်က ကော်မရှင်သည် စစ်တပ်ကို အနာဂတ်နိုင်ငံတော်တွင် နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးခြင်း အပါအဝင် ဦးတည်ချက် ၆ ခုကို အတိအကျလိုက်နာကြောင်း ၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုကြောင်းပြောစဉ်က တရားသူကြီးချုပ် ဦးအောင်တိုးက အလေးထားပြောကြားခဲ့သည်။ နောင် ၁၃ နှစ်ကြာသောအခါ သူမသေမီ လအနည်းငယ်အလို ၂၀၂၁ ဖေဖေါ်ဝါရီလက နိုင်ငံတွင် နောက်ဆုံး စစ်အာဏာသိမ်းမှုကို တွေ့မြင်ရလောက်အောင် သက်ဆိုးရှည်ခဲ့သည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/26/242223.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017