Get Mystery Box with random crypto!

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ | EDM 017's Channel

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ရဲတိုက်နဲ့ ပိုင်တံခွန်တို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ မေလ ၂၇ ရက်က စစ်ဆေးခဲ့ပြီး စစ်ကောင်စီက ကျပ်သိန်း ၂၀၀ စီ တောင်းခံတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ သုံးဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ စွဲဆိုထားတာ ဖြစ်ပြီး မေလ ၂၇ရက်နေ့က အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်းထဲက အထူးတရားရုံးမှာ အမှုစွဲတင်ခဲ့တယ်လို့ ပိုင်တံခွန်ရဲ့ရှေ့နေ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

လသာရဲစခန်းက ပုဒ်မ ၅၀၅(က)၊ မူးယစ်ပုဒ်မတွေနဲ့ အမှုစွဲထားတဲ့ သရုပ်ဆောင်ရဲတိုက်ကိုတော ဇွန် ၁ ရက်နေ့မှာရုံး ချိန်းပြန်ခေါ်ထားပြီး ပုဒ်မ ၅၀၅နဲ့အစွဲခံထားရတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကိုတော့ ဇွန်လ ၃ ရက်နေ့မှာ ရုံးချိန်းပြန် ခေါ်ထားပါတယ်။

DVB TV News
http://burmese.dvb.no/archives/466567

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017