Get Mystery Box with random crypto!

လေယာဉ်ဆီပို့ဆောင်သည့် ကားများ အချိန်မီရောက်ရှိမလာ၍ ဆီပြတ်လပ်နေ | EDM 017's Channel

လေယာဉ်ဆီပို့ဆောင်သည့် ကားများ အချိန်မီရောက်ရှိမလာ၍ ဆီပြတ်လပ်နေသောကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချမှု ရပ်တန့်ထားမည်ဖြစ်ကြောင်း လေယာဉ်ဆီရောင်းချရေးကုမ္ပဏီ Puma က သက်ဆိုင်ရာကို အကြောင်းကြားထားသည်။

Puma Energy သည် မြန်မာနိုင်ငံတွင် လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။

Puma ကုမ္ပဏီက လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းခြင်းသည် ကြိုဆိုရမည့်လုပ်ရပ်ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မှတ်ချက်ပြုသည်။ “ကျွန်တော်တို့ KIOအနေနဲ့လည်း လေယာဉ်ဆီ လာဖြည့်ပေးတာတွေကို ဖြတ်တောက်ဖို့ ပြောထားတာ ရှိပါတယ်။ အခု ကုမ္ပဏီက အခက်အခဲရှိလို့ မပို့နိုင်ဘူးဆိုတာ ကောင်းပါတယ်။ ဒါက ကြိုဆိုရမှာပေါ့နော်”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

Myanmar Now
https://www.myanmar-now.org/mm/news/6914

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017