Get Mystery Box with random crypto!

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားဆိုတဲ့ သတင်းတုကို Hanlin အမည်ရှိအကော | EDM 017's Channel

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားဆိုတဲ့ သတင်းတုကို Hanlin အမည်ရှိအကောင့်က ဒီနေ့ ဇွန်လ ၁ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုမှာဆိုရင် Fast And Furious ကဇာတ်ဝင်ခန်းမဟုတ်ကြောင်းနဲ့ ဆူးလေးမှာ ပစ်ခတ်မှုဖြစ်ပွါးတဲ့ပုံတွေဖြစ်ကြောင်း တင်ခဲ့တာဖြစ်ပါတယ်။ ခုအချိန်မှာဆိုရင်တော့ ပြန်လည်မျှဝေသူပေါင်း ၂၄၆ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်ရာမှာတော့ သတင်းတုမှာ သုံးထားတဲ့ ပုံ‌တွေဟာ Line Walker 2 ရိုက်ကူးရေးကပုံတွေဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ရန်ကုန်မြို့ ဆူးလေအနီးမှာရိုက်ကူးထားတဲ့ပုံတွေဖြစ်နေကြောင်းကို လွတ်လပ်တဲ့မီဒီယာများက ဖော်ပြပေးထားတာ တွေ့ခဲ့ရပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/06/01/sulaeshootfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017