Get Mystery Box with random crypto!

နိုင်ငံ‌‌တော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂ | EDM 017's Channel

နိုင်ငံ‌‌တော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ သူတို့နေအိမ်တွေကနေ မသိရတဲ့နေရာကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်လို့ သူတို့လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေရတယ်လို့ ယုံကြည်ရတဲ့ အနီးစပ်ဆုံး သတင်းရင်းမြစ်တွေကို ကိုးကားပြီး BLOOMBERG သတင်းမှာ ရေးထားပါတယ်။

ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ကို အခုလို နေရာရွှေ့ပြောင်းထားတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စိုးရိမ်ပူပန်တဲ့အကြောင်း မေလ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၄ ရက်က တရားခွင်မှာ မကြားနာသေးခင်အချိန်အတွင်း ရှေ့နေတွေနဲ့ ခဏစကားပြောကြရာမှာ သူ့ကို အရင်ကတည်းက မရင်းနှီးထားတဲ့ နေရာတစ်နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပြခဲ့တယ်လို့ သူ့ရဲ့ ဥပဒေအကူအညီပေးရေး အဖွဲ့ခေါင်းဆောင် ရှေ့နေဦးခင်မောင်ဇော်က ပြောပြပါတယ်။

DVB TV News
http://burmese.dvb.no/archives/467619

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017