Get Mystery Box with random crypto!

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အနေဖြင့် မြန်မာနိုင်င | EDM 017's Channel

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို အမြန်ဆုံး ခန့်အပ်ရလိမ့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးက ဇွန်လ ၂ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အဓိက သံတမန်ရေးဆိုင်ရာ အားထုတ်မှုများကို အာဆီယံက ဦးဆောင်လုပ်ဆောင်နေသည်။

"အထူးသံတမန် တစ်ဦး ခန့်အပ်မှုကို အမြန်ဆုံး ပြီးစီးအောင် လုပ်ရပါလိမ့်မယ်၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းထားရပါလိမ့်မယ်" ဟု အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို မာဆူဒီက ဂျကာတာရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ "မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ မြန်မာနိုင်ငံရေး နယ်ပယ်ထဲ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် အလုံးစုံပါ၀င်တဲ့ ညှိနှိုင်းဆွေးနွေးမှုကို အားပေးသင့်ပါတယ်" ဟု ရက်တ်နိုက ပြောသွားခဲ့သည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/81085

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017