Get Mystery Box with random crypto!

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ | EDM 017's Channel

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အိုင်စီအာစီ ဥက္ကဋ္ဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်နေ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တယ်လို့ ဂျပန်အခြေစိုက် နစ်ကေးအေးရှား သတင်းမှာ ရေးသားထားပါတယ်။

အိုင်စီအာစီအဖွဲ့တွေကို အကျဉ်းထောင်တွေထဲ ပြန်လည်လေ့လာခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာနေရာတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုထောက်ပံ့ကူညီခွင့်ရဖို့ အိုင်စီအာစီ ဥက္ကဋ္ဌ မစ္စတာ ပီတာ မောင်ရာက တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ အိုင်စီအာစီ မြန်မာရုံးက လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။ စစ်တပ်ဘက်ကိုလည်း ဆက်သွယ်လို့ မရသေးဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017