Get Mystery Box with random crypto!

ကာမိုင်းမြို့ကို KIA တက်သိမ်းဟုဆိုကာ အချက်အလက်မှား ဓာတ်ပုံတွေက | EDM 017's Channel

ကာမိုင်းမြို့ကို KIA တက်သိမ်းဟုဆိုကာ အချက်အလက်မှား ဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်က Facebook ပေါ်မှာ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၂၀၀ ကျော် ရှိခဲ့ပါတယ်။ အဆိုပါပုံများမှာ လက်ရှိအခြေအနေနှင့် မသက်ဆိုင်သည့် ၂၀၁၄ခုနှစ်နှင့် ၂၀၁၁ခုနှစ်တို့က ပုံများသာဖြစ်ပါတယ်။

ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ Invisible Photographer Asia-IPA ဝဘ်ဆိုဒ်မှာ ၂၀၁၄ခုနှစ်ကတည်းက တင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး ဒုတိယဓာတ်ပုံကတော့ ၂၀၁၁ခုနှစ်က ဧရာဝတီသတင်းဌာနက သတင်းပုံတစ်ခုသာ ဖြစ်နေတာကို တွေ့ရပါတယ်။

Source -
https://factcheckmyanmar.afp.com/kaamiungmiukiu-kia-simttychiuttaiakhkalkmaadhaattpunttepnnn

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017