Get Mystery Box with random crypto!

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ် | EDM 017's Channel

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းမှားသာပါတယ်။ “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားတာပါ။

မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

News218Media အမည်နဲ့ဘလော့ဂ်ကိုလေ့လာကြည့်ရာမှာ ၎င်းစာမျက်နှာဟာ အဓိကအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ခေါင်းစဉ်တွေတပ်ပြီး စာဖတ်ပရိတ်သတ်ကို လှည့်စားစွဲဆောင်ဖို့လုပ်ဆောင်ထားတဲ့ စာမျက်နှာတစ်ခုသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Source -
https://myanmar.factcrescendo.com/mandalay-protest-leader-ko-tayzar-san-shot-death/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017