Get Mystery Box with random crypto!

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြ | EDM 017's Channel

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ဟာ အမှုကိစ္စပြောဆိုဖို့ နာရီဝက် တွေ့ဆုံ ပြောခွင့်ရခဲ့တယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

"ဒီကနေ့ ရုံးချိန်းမှာ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ တင်ပြရာမှာ တရားသူကြီးဘက်ကလည်း လက်ခံတယ်။ ဒါကြောင့် ဖေဖော်ဝါရီမှာ အမှုရုံးစတင်စွဲတာဖြစ်လို့ ဇွန် ၂၆ မှာအမှုတွေကို အပြီးစစ်မယ်။ တပတ်ခြားမဟုတ်တော့ဘဲ ရှေ့အပတ်ကစပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါတိုင်း ရုံးချိန်းရှိမယ်။ တရားလိုဘက်က သက်သေတွေကို ဇွန် ၂၈ နောက်ဆုံးထားစစ်ဖို့ပြီးမှ စွဲဆိုခံရသူဘက် စစ်မယ်" လို့ ဒီကနေ့ ရုံးချိန်းမှာ ပြုလုပ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ရှေ့နေအဖွဲ့ခေါင်းဆောင် ရှေ့နေဦးခင်မောင်ဇော်ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://m.facebook.com/story.php?story_fbid=4199845583404628&id=166580710064489

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017