Get Mystery Box with random crypto!

စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော င | EDM 017's Channel

စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ ထံသို့ တတ်နိုင်ပါက ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့ကြောင်း သိရသည်။

"နှစ်ပတ်တခါ လိုအပ်တာတွေ ဝယ်ရတာ ရှိတယ်။ လက်ထဲမှာလည်း ငွေသားက မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားရုံးထုတ် စစ်ဆေးမှုတခုတွင် ရှေ့နေအဖွဲ့ကို အထက်ပါအတိုင်း အကူအညီတောင်းခံခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ၉ ဦးအတွက် ဖြစ်ကြောင်း သိရသည်။

The Irrawaddy
https://m.facebook.com/story.php?story_fbid=4563337483710368&id=121507374560090

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017