Get Mystery Box with random crypto!

မြန်မာစစ်တပ်က အဓိကထိန်းချုပ်ထားသည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော် | EDM 017's Channel

မြန်မာစစ်တပ်က အဓိကထိန်းချုပ်ထားသည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO) က ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်လိုက်ပြီဖြစ်သည်။

ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) သည် Mytel အော်ပရေတာတွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုအများပိုင်ကုမ္ပဏီ ၁၁ တွင် MAPCO က ကျပ် ၁ ဒသမ ၀၈ ဘီလျံတန်ဖိုးရှိသည့် အစုရှယ်ယာတစ်သန်းကျော် ပိုင်ဆိုင်ထားသည်။ MAPCO ကုမ္ပဏီက ထိုရှယ်ယာအားလုံးကို ပြန်လည်ရောင်းချပြီးဖြစ်ကြောင်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရေးသားသည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၀) တွင် သတင်းထုတ်ပြန်သည်။

Myanmar Now
https://www.myanmar-now.org/mm/news/7064

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017