Get Mystery Box with random crypto!

အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပ | EDM 017's Channel

အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ သတင်းမှား ဖြန့်ဝေလျှက်ရှိကြောင်းသိရပါတယ်။ အဆိုပါ သတင်းမှားမှာ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။ RFM ဆိုသည်မှ သတင်းမှားရေးသားမှုကို U Dham Mika အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာဖြစ်ပြီး အလားတူဖြန့်ဝေမှုများကိုလည်း တွေ့ရပါတယ်။

ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ပတ်သက်ပြီး အလှမယ်ဟောင်း ထားထက်ထက်က သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုရှိပါကြောင်း ဇွန် ၅ ရက်ကတည်းက သူမရဲ့လူမှုစာမျက်နှာကနေ ပြန်လည်ရှင်းထားတာတွေ့ရပါတယ်။

Source -
https://myanmar.factcrescendo.com/false-claim-on-beauty-queen-htar-htet-htet-raped-and-prisoned-by-ethnic-armed-group/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017