Get Mystery Box with random crypto!

RFM - Radio Free Myanmar ဟု အမည်ပေးထားသည့် သတင်းမီဒီယာယောင်ဆော | EDM 017's Channel

RFM - Radio Free Myanmar ဟု အမည်ပေးထားသည့် သတင်းမီဒီယာယောင်ဆောင် အုပ်စုတစ်ခုက သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့မှ လွတ်လပ်သောမီဒီယာ RFA နှင့် ဆင်တူအောင် တုပလျက် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပုံဖျက်သည့် မဟုတ်မှန်သောသတင်းမှားများကို ရေးသားဖြန့်‌ဝေလျက်ရှိသည်။

ယခု ရက်ပိုင်းမှာတင် ၎င်းတို့ထံမှ အလှမယ်ထားထက်ထက်နှင့် ပတ်သက်သည့် သတင်းမှား၊ မျိုးရန်နောင်သိမ်းအား လုပ်ကြံရန်စီစဥ် ဆိုသည့် သတင်းမှား၊ စသည့်မဟုတ်မှန်သတင်းများ စစ်အုပ်စုနှင့် ပတ်သက်သည့် Group များမှာ ပြန့်နှံ့လျက်ရှိသည်ဟု သိရသည်။

စိတ်ခံစားချက်အပေါ် အခြေခံထားသည့် သတင်းမှားများမှာ လက်ရှိလူမှုကွန်ရက်ပေါ်တွင် တားဆီးမရနိုင်အောင် များပြားလာပြီး အဆိုပါသတင်းမှားများကို ရေးသားဖြန့်ဝေသူများ၊ စာမျက်နှာများလည်း ယခင်က‌ထက် ပိုမိုများပြားလာလျက်ရှိသည်။ ထို့ကြောင့် သတင်းတစ်ခုကို တွေ့ရှိပါက အရင်စိစစ်ကြည့်ပြီး ယုံကြည်နိုင်ဖွယ်သက်သေရင်းမြစ် ရှိမှ ယုံကြရန် လိုအပ်သည်။

Source -
(3:53) https://fb.watch/6473rx8X9j/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017