Get Mystery Box with random crypto!

၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့သည့် Rohingya Solidarity Orga | EDM 017's Channel

၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့သည့် Rohingya Solidarity Organization (RSO) မှ ယခုရက်ပိုင်းတွင် ပြန်ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇွန်လ(၁၂)ရက်နေ့က ကြေညာခဲ့သည်။ RSO မှ ဗိုလ်မှူးကျော်မြင့်ထွန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုတ်ကျရေးအတွက် ရိုဟင်ဂျာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် RSO မှ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇွန်လ(၁၃)ရက်နေ့တွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များလေ့ကျင့်နေသည့် Video တစ်ခုကို Youtube ၌ ချပြခဲ့သေးသည်။ တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် ဖီးနစ် TV အား အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ဖြေကြားခဲ့သည့် ရိုဟင်ဂျာကိစ္စများနှင့်ပတ်သက်၍လည်း ဗိုလ်မှူးကျော်မြင့်ထွန်းက ပြင်းပြင်းထန်ထန်ရှုတ်ချထားသည်။

Yangon Press Agency
https://m.facebook.com/story.php?story_fbid=155963519894955&id=107013618123279





သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017