Get Mystery Box with random crypto!

တစ်အိမ်ကို နွားနှစ်ကောင်ထက်ပိုမွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လ | EDM 017's Channel

တစ်အိမ်ကို နွားနှစ်ကောင်ထက်ပိုမွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ဆိုတဲ့အဆိုနဲ့အတူ MRTV လိုဂိုပါတဲ့ပုံရိပ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဘလော့ဂ်တွေနဲ့ Facebook သုံးစွဲသူတွေကြားမှာ အများအပြား ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။ မူလရုပ်သံအစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံတစ်ခုနဲ့ပေါင်းစပ် ဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိလည်း မြန်မာနိုင်ငံမှာ အဲဒီလိုဥပဒေမျိုး ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

MWD နဲ့ MRTV ဝဘ်ဆိုဒ်တွေအပြင် Google မှာပါ အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာဖွေခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နွားနှစ်ကောင်ထပ်ပိုမွေးရင် ပြည်သူပိုင်သိမ်းမယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ဥပဒေသစ်နဲ့ပတ်သက်တဲ့သတင်းတစ်စုံတစ်ရာ မတွေ့ရပါဘူး။

Source -
https://factcheckmyanmar.afp.com/naattckeaangthkpiumerng-niungngnpiungsimmychiuttai-akhkalkmaadhaattpun

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017