Get Mystery Box with random crypto!

စစ်ကောင်စီက စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုရဲအရာရှိ | EDM 017's Channel

စစ်ကောင်စီက စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုရဲအရာရှိကြီးများ၏ ထွက်ဆိုချက်များကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဇွန်၁၄) တရားခွင်တွင် အာရုံစိုက်တုံ့ပြန်ခဲ့ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

“သူသိထားထားတာနဲ့ ကွဲလွဲနေတဲ့ကိစ္စတွေကို တရားလိုက ထွက်တာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေဆိုရင် သူက တန်းပြီးတော့ (ရှေ့နေအဖွဲ့ကို ခေါ်ယူပြီး) သတိလှမ်းပေးတာပါပဲ။ ဒီကိစ္စ ဒီလိုမဟုတ်ဘူးပေါ့” ဟု ဦးခင်မောင်ဇော်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အတွင်းအပြုအမူနှင့် ပတ်သက်၍ “ဒီမိုကရက်တစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေနဲ့ပတ်သက်ရင် စိတ်ဝင်တစားနဲ့ မျှတသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဥပဒေကို ဥပဒေနဲ့တုံ့ပြန်ဖို့ စိတ်ကူးရှိတဲ့ပုံ ပေါ်ပါတယ်”ဟု ဝါရင့်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။

Source -
https://www.myanmar-now.org/mm/news/7111

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017