Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 3

2021-06-09 19:39:39
ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်အား ပြန်လွှတ်ပေးလိုက်သည်မှာ မဟုတ်မှန်ကြောင်း မိသားစုဝင်ဖြစ်သူမှ ပြောဆိုဖြေရှင်းထားသည်ကို တွေ့ရသည်။ ထို့အတူ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့နှင့် ပတ်သက်သောသတင်းများကို မိသားစုဝင်၏ အတည်ပြုချက်မရှိဘဲ မယုံကြည်မမျှဝေကြရန်လည်း ၎င်းက ဆိုထားသည်။

အဆိုပါ အိန္ဒြာကျော်ဇင်ပြန်လွတ်လာသည် ဆိုသော သတင်းမှားကို 'အကုန်သိ' စာမျက်နှာမှ တင်ခဲ့ကြောင်း သိရသည်။

သတင်းမှားပို့စ် -
https://m.facebook.com/story.php?story_fbid=1542938366056710&id=361909027492989

Source -
https://m.facebook.com/story.php?story_fbid=2814460812149265&id=100007561206779

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.6K views16:39
திற / கருத்து
2021-06-09 18:38:52
လာမည့် ဇွန်လ ၁၀ရက်မှစ၍ ၂၃ရက် အင်တာနက်ဖြတ်မည်ဟုဆိုကာ သတင်းမှားရေးသားခြင်းရှိလာကြောင်း သိရသည်။

ယခု အင်တာနက်အခြေ‌အနေမှာ ဖိုင်ဘာအင်တာနက်၊ Wireless Broadband အပြင် မိုဘိုင်းဒေတာများကိုပါ ၂၄နာရီ ပြန်ဖွင့်ပေးထားပြီး စစ်ကောင်စီမှ အသုံးပြုစေလိုသည့် ကွန်ရက်၊ ပလက်ဖောင်းများကိုသာ အသုံးပြုခွင့်ပေးထားကာ ကျန် Facebook စသော လူသုံးများသည့် လူမှုကွန်ရက်များအား ပိတ်ထားဆဲဖြစ်သည်။ အင်တာနက်များအားလုံး ကန့်သတ်ပိတ်ဆို့မှုများဖြင့် ပြန်ဖွင့်ထားပြီးနောက်ပိုင်း ဖြတ်တောက်မှုဟူ၍ NUG မှ သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် အချိန်ကသာ နာရီပိုင်းမျှ ဖြတ်တောက်ထားခဲ့ဖူးသည်။

ရှေ့အင်တာနက်ဖြတ်တောက်မှု ဖြစ်စဉ်များအား လေ့လာခြင်းဖြင့် ISP များမှ အတည်ပြုပေးမှသာ အင်တာနက်အမှန်တကယ် ဖြတ်တောက်မှုရှိခဲ့ပြီး ယခုရေးသားမှုမှာမူ ISP များထံမှ အတည်ပြုချက်မရသည့်အတွက် သတင်းမှားရေးသားမှုသာဖြစ်ကြောင်း ကောက်ချက်ချရသည်။ သတင်းမှားဖြန့်သူမှ ဖတ်ရှုသူများကို မလိုလားအပ်‌သော အ​ကြောက်တရားများ ဖြစ်လာအောင် ပို့စ်ကို အခါခါ ပြင်ဆင်ထားတတ်ကြောင်းကိုလည်း သတိပြုမိသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K viewsedited  15:38
திற / கருத்து
2021-06-09 17:37:44
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်မည်ဆိုသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့၏ သဘောထားထုတ်ပြန်ချက်များသည် ပုဂ္ဂိုလ်ရေးသဘောထားသာဖြစ်သည်ဟု KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက ပြောသည်။

KNU ဥက္ကဋ္ဌနှင့် KNLA စစ်ဦးစီးချုပ်တို့က ၎င်းတို့တစ်ဦးချင်းစီ၏ သဘောထားများထုတ်ပြန်ခြင်းသည် အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိမရှိ မေးမြန်းရာတွင် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက “အဲဒါက ပုဂ္ဂိုလ်ရေးသဘောထားကျတော့ ကျွန်တော်တို့ကတော့ အတည်ပြုလို့မရဘူးလေ။ ကျွန်တော်တို့အားလုံးကတော့ ကျွန်တော်တို့ရဲ့သဘောထားနဲ့တော့ တစ်ထပ်တည်းတော့မဖြစ်ဘူးပေါ့။ ပုဂ္ဂိုလ်ရေးသဘောထားကတော့ ဒါကတော့ ရှိကြမှာပေါ့၊ အမျိုးမျိုးပေါ့” ဟု ဖြေကြားသည်။

Myanmar Now
https://www.myanmar-now.org/mm/news/7055

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.6K views14:37
திற / கருத்து
2021-06-09 16:52:42
သရုပ်ဆောင်ရဲတိုက်ကို စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါးအမှုမှာ ရဲက တင်သွင်းတဲ့ သက်သေခံ စိတ်ကြွဆေးပြားတွေဟာ ရဲတိုက်ရဲ့ ကိုယ်ပေါ်ကနေ ရှာတွေ့တာမဟုတ်ဘူးလို့ တရားရုံးမှာ စစ်ဆေးပေါက်ပေါက်တဲ့အကြောင်း သူ့ရဲ့ ဥပဒေအကြံပေး ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်မင်းသား ရဲတိုက်ကို လသာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုပြီး မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုထားတာပါ။ ဇွန်လ ၃ ရက်နေ့မှာ မရမ်းကုန်းမြို့မရဲစခန်းက စွဲဆိုထားတဲ့ မူးယစ်အမှုအတွက် အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားလိုရဲစခန်းမှူးကို စတင်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတိုက်ဆီက ဖမ်းဆီးရမိခဲ့တယ်လို့ တရားလိုရဲက ထွက်ဆိုခဲ့ပေမယ့် တရားရုံးစစ်ဆေးချက်အရ ရဲတိုက်ရဲ့ကိုယ်ပေါ်က ရှာဖွေတွေ့ရှိတာမျိုးမဟုတ်ခဲ့ဘူးလို့ ရဲတိုက်ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

DVB TV News
http://burmese.dvb.no/archives/468941

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.7K views13:52
திற / கருத்து
2021-06-09 14:50:42
NCA မူဘောင်အတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည်ဟု KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ထုတ်ပြန်လာသည်။

https://www.facebook.com/121507374560090/posts/4569890116388438/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.3K viewsedited  11:50
திற / கருத்து
2021-06-09 14:42:41
ထိုင်းနိုင်ငံမှာ အရေပြားရောဂါဗိုင်းရပ်စ်ကူးစက်နေတဲ့ တိရစ္ဆာန်တွေရဲ့အသားကို စားသုံးခဲ့တဲ့ လူလေးဦး သေဆုံးခဲ့တယ်ဆိုတဲ့အကြောင်းအရာကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုက မှားယွင်းပါတယ်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ ဒီရောဂါဟာ တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ ရောဂါမဟုတ်ဘူးလို့ ဆိုကြပါတယ်။ ပြီးတော့ ရောဂါကူးစက်ခံထားရတဲ့အသားတွေကို စားသုံးတဲ့လူတွေ သေခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထားတွေ AFP က မတွေ့ရှိခဲ့ပါဘူး။

ထိုင်းနိုင်ငံ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးအာဏာပိုင်တွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက တိရစ္ဆာန်အရေပြားရောဂါဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြင်းမရှိတဲ့အတွက် လူတွေအပေါ်မှာ သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

Source -
https://factcheckmyanmar.afp.com/thiungniungngnk-ttircchaanareapaareaag-luutteape-skreaakmumrikeaang-knmaarekmkngsuutte-peaachiu

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.8K views11:42
திற / கருத்து
2021-06-09 14:16:27
စစ်ကောင်စီမှ ဒေါက်တာဇော်ဝေစိုး စကားပြောဆိုနေသည်ကို ဖြတ်ညှပ်ကပ်လုပ်ထားသည့် ဗီဒီယိုဖိုင်တစ်ခုအား MWD မှ ထုတ်လွှင့်ပြီး ဒေါက်တာဇော်ဝေစိုးမှ Food Poison ဖြစ်စေရန်စီစဉ်သယောင်ပြကာ ပုံရိပ်ထိခိုက်အောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီဒီယိုမှာ လုပ်ကြံထားသည့် ဖြတ်ညှပ်ကပ်ဗီဒီယိုအတုတစ်ခုသာဖြစ်ပြီး ဗီဒီယို၏ အကြောင်းမှန်မှာ စစ်ကောင်စီတပ်များတိုက်ခိုက်ခြင်းကို ခံနေရသည့် ချင်းပြည်နယ် မင်းတပ်မြို့မှ စစ်ဘေးရှောင်များအား အစာနှင့်ဆေးထောက်ပံ့နိုင်ရန် ပြုလုပ်သည့် Zoom Meeting ‌တွင် ဒေါက်တာဇော်ဝေစိုးမှ ရိက္ခာပစ္စည်းပို့ဆောင်ရန် ရှင်းပြပြောဆိုသည့် စကားများကို ဖြတ်တောက် ပြုလုပ်ထားခြင်းသာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းထားသည်။

"ဆရာတို့က ဘယ်လုပ်မှာလဲ၊ ဆရာတို့က ဆရာဝန်တွေလေ၊ ဒါမင်းတပ်ကို ဆေးအကူအညီပေးရေး အစည်းအဝေးမှာ ပြောထားတာကို သူတို့က ဖြတ်ပြီးသုံးထားတာ၊ ဆရာကိုပုံဖျက်ပြောနေတာ လေးခုလောက်ရှိပြီ" ဟု ဒေါက်တာဇော်ဝေစိုးမှ Mizzima ၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

Source -
https://www.facebook.com/watch/?v=569847660646945

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
14.6K views11:16
திற / கருத்து
2021-06-09 10:56:36
ဗိုလ်ချုပ်ရုပ်ရှင် သူမပါဘဲ ဆက်လက်ဆောင်ရွက်ဖို့ သဘောမတူဘူးလို့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာလူမင်းက ပြောကြားကြောင်း ဖမ်းဆီးခံပြီးမှ ပြန်လွတ်လာတဲ့ ဂျပန်သတင်းထောက် ယူကီကီတဇုမိကပြောကြားလာပါတယ်။ သူ့အဆိုအရ အဲဒီ အင်းစိန်ထောင်မှာ သရုပ်ဆောင်ဒါရိုက်တာလူမင်းနဲ့အတူ တိုက်တစ်တိုက်တည်း ၃ ပတ်ကျော် အတူနေထိုင်ခဲ့တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီက ရုပ်ရှင်ထုတ်လုပ်ရေးကို ဆက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့သိရပြီး နောက်ဆုံးအဆင့် လက်စသတ်နေတဲ့အဆင့်လို့ ကြားသိရပြီး ဒါရိုက်တာလူမင်းမပါဘဲ ဆက်လက်ထုတ်လုပ်ဖို့ ကြိုးစားနေတာကို သတင်းမီဒီယာတွေမှာဖော်ပြချက်အရ သိရတယ်လို့ ဂျပန်သတင်းထောက် ကဆက်ပြောပါတယ်။
အဲဒီကိစ္စကို ဒါရိုက်တာလူမင်းက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချနေပြီး ထောင်ထဲမှာ လူမင်းက ရုပ်ရှင်နဲ့ပတ်သက်ပြီး အကျိုးအကြောင်း ရှင်းပြခဲ့တယ်လို့ သူက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.4K views07:56
திற / கருத்து
2021-06-09 10:23:01
စစ်အာဏာသိမ်း ၄ လကျော်ကာလအတွင်း တိုင်းပြည်တိုးတက်ပြောင်းလဲလာကြောင်းနဲ့ ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင် သတ်မှတ်မယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၇ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

ယခင်အစိုးရက ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ဒီကာလသတ်မှတ်ချက်က နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတောင်သူတွေအတွက် အဆင်မပြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရတာကြောင့် နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည် ပြင်ဆင်သတ်မှတ်မယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုပြင်ဆင်သတ်မှတ်မယ် ဘယ်တော့ ပြင်ဆင်သတ်မှတ်မယ်ဆိုတာတော့ အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။

DVB TV News
http://burmese.dvb.no/archives/468834

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.5K views07:23
திற / கருத்து
2021-06-09 10:19:58
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူအပါအဝင် ၁၀ ဦး ယနေ့ တရားသေလွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။ လွတ်မြောက်လာသူများမှာ ကိုအောင်မြတ်ကျော်၊ မယမင်းမြတ် (ခ) မိုးနှင်းဖြူ၊ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များက ပြောသည်။

၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ရောက်လာစဉ် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ယင်းအချိန်က ရဲအထူးသတင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူး တင့်ရွှေက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

နိရဉ္စရာ
https://m.facebook.com/story.php?story_fbid=4395223013823075&id=151742128171206

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.6K views07:19
திற / கருத்து