Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 34

2021-05-06 16:05:41
ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို သတင်းယူနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဧပြီ ၂၈ ရက်မှစ၍ တိုက်ပိတ်ထားကြောင်း ၎င်း၏ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

“သူပြောတာကတော့ ဘာမှတော့ သူကမလုပ်ဘူး။ ထောင်ထဲမှာ ထိုင်သပိတ်လုပ်ဖို့တို့ ဘာတို့ တခြားသူတွေ လုပ်တာတော့ရှိတယ်။ သူကတော့ (အစ္စလာမ်ဘာသာဝင်များ၏) ဥပုဉ်လမို့ အစာမစားတာပဲ ရှိတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ တိုက်ပိတ်ခံရတယ်တဲ့”ဟု ဒေါ်နီလာခိုင်က ပြောသည်။

Myanmar Now
https://www.myanmar-now.org/mm/news/6702

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.8K views13:05
திற / கருத்து
2021-05-06 16:02:20
MMA လက်ဝှေ့ အားကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်ဟာ မေလ ၅ ရက်နေ့ ညပိုင်း က ဗဟန်းမြို့နယ် နတ်မောက်လမ်း ဗိုလ်ချုပ်ပန်းခြံထဲက Team PT အားကစားခန်းမှာ လက်လုပ်မိုင်းစမ်းသပ်ဖို့ လုပ်နေစဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ဖိုးသော်ရဲ့ ခန္ဓာကိုယ်အနှံ့ ဗုံးစတွေ ထိမှန်ဒဏ်ရာရခဲ့ပြီး ည ၁၁ နာရီခွဲခန့်မှာ မြောက်ဥက္ကလာပမြို့နယ်ထဲက မေဓါဝီဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူငယ် ၃ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.6K views13:02
திற / கருத்து
2021-05-06 15:39:38
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီးကျေးရွာတွေမှာ မေလ ၆ ရက်နေ့၊ မနက်ပိုင်းကစလို့ ညနေအထိ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူတွေကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ စစ်ကားတစ်စီးလည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကို အခုလို ပြောပါတယ်။

အပြည့်အစုံကြည့်ရန် - https://fb.watch/5jDfcaH4J5/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.4K views12:39
திற / கருத்து
2021-05-06 15:32:46 “ တိုက်ပွဲအခြေအနေက ဒီနေ့တော်တော်လေးပြင်းထန်တယ်လို့ ကြားရပါတယ်။ ခါတိုင်းဖြစ်တဲ့ အလော့ဘွမ်တောင်ခြေရင်းဘက်မှာပေါ့နော်။ မြို့သစ် ကုန်းလော အဲ့ဘက်မှာပေါ့။ လေကြောင်းနဲ့လည်းတိုက်တယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်။ မြေပြင်ကလည်းတက်လာတယ်။ အဲ့လောက်တော့ ကျွန်တော်သိထားပါတယ် ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲ့ဒီ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ နီးပါးသေပြီး ၈၀ ကျော်ဒဏ်ရာရရှိကာ တပ်ဆုတ်သွားတယ်လို့ ကချင်သတင်းအရင်းမြစ်တွေက ဖော်ပြနေကြပေမယ့် KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။

“ အဲ့တာတော့ ကျွန်တာ်အတည်ပြုပေးလို့မရသေးဘူး။ ဒီနေ့ စစ်ရေးသတင်းတွေအကုန်ကျွန်တော့်ဆီမရောက်သေးဘူး ” လို့ ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ပါပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ဘဲ အကျအဆုံးတွေနဲ့ ပြန်ဆုတ်သွားရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် လူမှုမီဒီယာတချို့မှာဖော်ပြနေတာပါ။

အလော့ဘွမ်တပ်စခန်းကို KIA က ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ကြိုးစားနေရာ မအောင်မြင်ဘဲအကျအဆုံးများနေတာလည်းဖြစ်ပါတယ်။

အလောဘွမ်ဗျူဟာကုန်း စစ်စခန်းကို မေလ ၅ ရက်နေ့ ညပိုင်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လေယာဉ်တစ်စင်းနဲ့ နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

https://www.facebook.com/216265185075061/posts/4353571278011077/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

(2/2)
8.7K viewsedited  12:32
திற / கருத்து