Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 4

2021-06-08 20:48:21
ဒီကနေ့ ဇွန်လ ၉ရက်မှစ၍ အင်တာနက် ၁၅ရက် ဖြတ်မည်ဟူသော သတင်းမှားအား ဖြန့်လျက်ရှိကြောင်း သိရသည်။ ၎င်းမှ ရေးသားထားသလို MWD မှ အင်တာနက်နှင့်ပတ်သက်၍ ကြေညာခြင်းမရှိသလို အင်တာနက်ဖြတ်တောက်မှုများနှင့်ပတ်သက်၍ ဖြတ်မည့်အချိန်နားနီးမှ သိရှိရသည်ကို လွန်ခဲ့သည့် NUG မှ သတင်းစာရှင်းလင်းပွဲလုပ်သည့် ရက်က သက်သေဖြစ်ပါသည်။

ထို့အတူ ဇွန်လ ၈ရက်က ပို့စ်တင်ခဲ့ပြီး ယခု နေ့ကူးပြီး ဇွန်လ ၉ရက်အထိ အင်တာနက်အသုံးပြု၍ရနေဆဲဖြစ်ရာ အဆိုပါ ရေးသားမှုမှာ သတင်းမှားသာဖြစ်ကြောင်း ကောက်ချက်ချသည်။

သတင်းမှားစတင်ရာနေရာ
https://www.facebook.com/100065883813158/posts/123439003195560/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
3.0K viewsedited  17:48
திற / கருத்து
2021-06-08 11:21:41
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် အတူနေ ၈ ဦးတို့ထံ အစားအသောက်ရိက္ခာ ၄ သိန်းဖိုးအား ရဲတပ်ဖွဲ့ဝင်များကတဆင့် ပို့ပေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယမန်နေ့က နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ရှိ သီးသန့်တရားရုံးတွင် ရုံးထုတ် ရာ၌ ၎င်းနှင့်အတူနေသူများ စားသောက်ရေးအတွက် ငွေနှင့် လိုအပ်သည့်ဆေးဝါးများ ကူညီပေးဆောင်ရွက်ပေး ရန် ရှေ့နေများအား ပြောကြားခဲ့သည့်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းနေရစဉ်အတွင်း စစ်ကောင်စီဘက်က ပေးပို့သည့်ပစ္စည်းများအား လက်မခံလို ကြောင်းလည်း ၎င်းကပြောခဲ့သည်ဟုရှေ့နေများကပြောသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/06/08/242653.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.8K views08:21
திற / கருத்து
2021-06-08 09:57:28
လူထုရဲ့သောင်ပြိုကမ်းပြိုထောက်ခံမှုနဲ့ တရားဝင်အစိုးရ အဖြစ် ရပ်တည်နိုင်ခဲ့ပြီးကာမှ နောက်ထပ် ထပ်မံပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရဖို့ရှိနေချိန်မှာပဲ ပြန်လည်ထိန်းသိမ်းခံရတဲ့ ဖြစ်ရပ်မျိုးကို အမျိုးသမီးနိုဘယ်ဆုရှင်နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးကြုံတွေ့ရသူလည်းဖြစ်ပါတယ်။

ထိန်းသိမ်းခံကာလ ရက်ပေါင်း ၁၂၀ ကျော်ကို အရောက်မှာတော့ ထိန်းသိမ်းခံအခြေအနေမှာ ငွေကြေးအကျပ်အတည်းနဲ့ပတ်သက်လို့ ရှေ့နေကတစ်ဆင့်ပြောလာပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဆီကနေ ပေးမယ့် အထောက်အပံ့ကိုတော့ မလိုချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားပြောလာပါတယ်။ ပြောကြားချက်နဲ့ ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေ ရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ အဖွဲ့ကို ဦးဆောင်သူ ရှေ့နေ ဦးခင်မောင်ဇော်ကပြောကြားထားပါတယ်။

အပြည့်အစုံ ဖတ်ရှုရန် -
https://www.bbc.com/burmese/burma-57395652

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K views06:57
திற / கருத்து
2021-06-08 09:44:15
ကျောင်းသားတွေကို စာသင်ကျောင်းတစ်ကျောင်းမှာ ရဲတွေက ရိုက်နှက်နေတဲ့ဗီဒီယိုလို့ဆိုတဲ့ အဆိုနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပို့စ်အများအပြားမှ ပြန်လှည်မျှဝေနေကြပြီး ကြည့်ရှုတဲ့အကြိမ်ပေါင်း သန်းနဲ့ချီရှိနေပါတယ်။

အချက်အခြာကျတဲ့စကားလုံးများနဲ့ Facebook မှာရှာဖွေစစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ဒီဖြစ်စဉ်ကို ၂၀၂၀ခုနှစ်တုန်းက ရိုက်ကူးထားတဲ့ ၁၅ မိနစ်ကြာ Facebook တိုက်ရိုက် ဗီဒီယိုဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ရဲ့ Facebook စာမျက်နှာမှာ တင်ထားပါတယ်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဟာ ကြိုတင်အသိမပေးဘဲ စီတန်းလှည့်လည်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာ ဖြစ်တယ်လို့ သတင်းဆောင်းပါးတွေမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီဗီဒီယိုကို ရန်ကုန်မြို့ ကမာရွတ်တရားရုံး ရှေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Source -
https://factcheckmyanmar.afp.com/2020-khunck-mnmaa-ttraarunremaa-rainaikeaangsaamaa-akheattng-phccnyk-biidiiyiusaaphc

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.0K viewsedited  06:44
திற / கருத்து
2021-06-08 07:16:55
ဒုတိယမြောက် လူတွေ့ရုံးချိန်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့အဖွဲ့က လွတ်လပ်သောသတင်းမီဒီယာများနှင့်တွေ့ဆုံဖြေကြားရာတွင် ရှေ့နေဒေါ်မင်းမင်းစိုးပြောသည်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုထိ သူ့စရိတ်နဲ့သူပဲနေနေတယ်ဆိုသည်ကိုမျှဝေလိုခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းတင်ပြချက်ကို တွေ့ရသည်။ သူမ၏ငွေရေးကြေးရေးအခြေအနေက သူမနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တာ ဖြစ်ပြီး လူထုကိုပြောစေတာလဲမဟုတ်၊ သိစေတာလဲမဟုတ်ဘူးလို့ ဆိုပါတယ်။ ထို့အပြင် သူမရဲ့ ရှေ့နေတွေကလဲ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီးအလှူငွေ စသည်ပေးပို့တာကို လက်ခံရယူမှာမဟုတ်သည့်အတွက် လုံးဝမပို့ရန် အပြတ်ပြောထားသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ပံ့ရန်အလှူခံခြင်း မပြုရန်နှင့် ထိုကဲ့သို့ အလှူခံသည်မှာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းခြင်းသာဖြစ်နိုင်ကြောင်း ပြောဆိုခြင်းဟု နားလည်သဘောပေါက်မိ၍ ပြန်လည်တင်ပြလိုက်ပါသည်။

Source -
https://m.facebook.com/story.php?story_fbid=2038844192921156&id=100003867865400

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.8K viewsedited  04:16
திற / கருத்து
2021-06-07 18:10:19
ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။

အဆိုပါဓာတ်ပုံကို Tineye မှ စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၇ ရက်စွဲနဲ့ ဧရာဝတီသတင်းဌာနက အနောက်မြောက်ပိုင်းမှ ဗုဒ္ဓဘာသာဝင်ရခိုင်များနဲ့ ဟိန္ဒူထောင်ပေါင်းများစွာကို ကယ်ထုတ်လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာလည်း ဒီဓာတ်ပုံကိုအသုံးပြုထား တာတွေ့ ရပါတယ်။

Source -
https://myanmar.factcrescendo.com/this-photo-is-an-evacuation-of-rakhine-buddhist-and-hindu-in-2017-not-related-with-current-kyone-pyaw-clashes/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.1K views15:10
திற / கருத்து
2021-06-07 17:54:57
မြိတ်မြို့မှာရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်လို့ရေးသားပြီး ရဲအရာရှိနဲ့ ရဲတပ်သားအချို့ပုံများနှင့်အတူ ရေးသားမျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းသလို ဓာတ်ပုံတွေဟာလည်း မတ်လကတည်းက အင်တာနက်မှာပျံ့နှံ့ လျက်ရှိပြီး အခြားသော ရဲစခန်းတွေက စစ်အုပ်ချုပ်ရေးကို ဖိဆန်မှုလုပ်ခဲ့တဲ့ ရဲအရာရှိနဲ့ ရဲတပ်သားအချို့ရဲ့ ပုံဖြစ်ပါတယ်။

အခြားလွတ်လပ်သော သတင်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ မြိတ်ရဲစခန်းတစ်ခုလုံး တာဝန်မှ နှုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။ မဇ္ဈိမသတင်းဌာနက ဒီလို မြိတ်ရဲစခန်းတစ်ခုလုံး နှုတ်ထွက်တယ်ဆိုတာ မှားယွင်းတဲ့ သတင်းဖြစ်တယ်လို့ ဒေသခံကို ကိုးကားပြီးရေးသားပါတယ်။

Source -
https://myanmar.factcrescendo.com/police-who-joined-civil-disobedience-movement-from-bago-being-shared-as-recent-from-myeik/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.6K views14:54
திற / கருத்து
2021-06-07 17:34:01
ဗဟိုဘဏ်မှ ဒေါ်လာ ၃ သန်း ထပ်မံထုတ်ရောင်း
______
ယနေ့ ဇွန်လ ၇ ရက် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာ (၃,၀၀၀,၀၀၀) စျေးပြိုင်လေလံစနစ်ဖြင့် ထပ်မံထုတ်ရောင်းခဲ့ပါသည်။

လေလံအတွက် ပျှမ်းမျှ ငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁,၅၉၀.၀ ကျပ်ဖြစ်ပါသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
17.2K views14:34
திற / கருத்து
2021-06-07 16:00:10
KIA မှ ဖမ်းဆီးမိထားသော စစ်ကောင်စီတပ်သား သုံးဦးကို ငွေကြေးထောက်ပံ့ပေးကာ ပြန်လွှတ်ဟုဆို၍ ပုံအဟောင်းများနှင့်တွဲလျက် သတင်းမှား ဖြန့်နေကြောင်း သိရပါတယ်။

အဆိုပါပုံများမှာ ၂၀၁၈ခုနှစ်က KIA မှ ဖမ်းမိသည့် တပ်မတော်စစ်သုံ့ပန်းသုံးဦးကို ပြန်လွှတ်ပေးခဲ့သည့် သတင်းပုံသာဖြစ်ပါတယ်။

ပုံမူရင်း သတင်းအမှန် -
https://m.facebook.com/story.php?story_fbid=864178350419783&id=342993082538315

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.4K views13:00
திற / கருத்து
2021-06-07 15:07:10
ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယလူတွေ့ရုံးချိန်ပုံဟုဆိုကာ ပုံအဟောင်းအားအသုံးပြုလျက် သတင်းမှားဖြန့်နေကြောင်းသိရပါတယ်။ အဆိုပါပုံမှာ ၂၀၂၀ခုနှစ်က သတင်းပုံသာဖြစ်ပြီး လက်ရှိကာလနှင့်သက်ဆိုင်မှု မရှိပါ။

ပုံမူရင်းသတင်း -
https://www.arabnews.com/node/1714491/world

သတင်းမှား - https://m.facebook.com/story.php?story_fbid=297936785397960&id=100055449215846

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.9K viewsedited  12:07
திற / கருத்து