Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 5

2021-06-07 14:12:49
"ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့မဲခိုးခဲ့တာက တပ်မတော်ကပဲ မဲခိုးခဲ့တာ။ စစ်သား တစ်ယောက်ကို မဲတစ်မဲထက်ပိုတဲ့ ကြိုတင်မဲတွေ ပေးခဲ့ရတယ်။ ကြိုတင်မဲတွေကို လိမ်လည်ပြီးရယူခဲ့တာအများကြီးပဲ။ ကိုယ့်ပေးချင်တဲ့သူကိုလည်း မဲမပေးခဲ့ရဘူး"

တပ်ကြပ်ကြီး သက်နိုင်အောင်
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် (ကြိုတင်မဲစာရင်းပြုစုရေးတွင်ပါဝင်သူ)

Source -




သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.0K views11:12
திற / கருத்து
2021-06-07 12:13:10
စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ ထံသို့ တတ်နိုင်ပါက ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့ကြောင်း သိရသည်။

"နှစ်ပတ်တခါ လိုအပ်တာတွေ ဝယ်ရတာ ရှိတယ်။ လက်ထဲမှာလည်း ငွေသားက မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားရုံးထုတ် စစ်ဆေးမှုတခုတွင် ရှေ့နေအဖွဲ့ကို အထက်ပါအတိုင်း အကူအညီတောင်းခံခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ၉ ဦးအတွက် ဖြစ်ကြောင်း သိရသည်။

The Irrawaddy
https://m.facebook.com/story.php?story_fbid=4563337483710368&id=121507374560090

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.3K views09:13
திற / கருத்து
2021-06-07 10:40:33
တော်လှန်ရေးတွင် လိုအပ်သည့်နေရာများအတွက် အလှူခံလျက်ရှိရာ Cryptocurrency ဖြစ်သည့် Bitcoin ဖြင့် စတင်လက်ခံလာပြီးနောက် Tether ခေါ် USDT ကို Binance မှတစ်ဆင့်ဖြင့်လည်း လှူဒါန်းနိုင်ပြီဖြစ်ကြောင်း အသိပေးလာသည်ကို သိရသည်။

USTD ဆိုသည်မှာ ၎င်းကွိုင် တစ်ယူနစ်လျှင် ကန်ဒေါ်လာ တစ်ဒေါ်လာနှင့် ညီမျှအောင် ပြုလုပ်ထားသည့် Cryptocurrency တစ်မျိုးဖြစ်သည်။

Source - https://m.facebook.com/story.php?story_fbid=327382435421971&id=100044506506571

__________________________________
ယခုဖော်ပြပါသတင်းသည်
https://m.facebook.com/story.php?story_fbid=3637349029703357&id=1089441034494182 ၏ နောက်ဆက်တွဲသတင်းဖြစ်ပါသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.3K viewsedited  07:40
திற / கருத்து
2021-06-07 10:30:04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ဟာ အမှုကိစ္စပြောဆိုဖို့ နာရီဝက် တွေ့ဆုံ ပြောခွင့်ရခဲ့တယ်လို့ ရှေ့နေအဖွဲ့ကပြောပါတယ်။

"ဒီကနေ့ ရုံးချိန်းမှာ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ တင်ပြရာမှာ တရားသူကြီးဘက်ကလည်း လက်ခံတယ်။ ဒါကြောင့် ဖေဖော်ဝါရီမှာ အမှုရုံးစတင်စွဲတာဖြစ်လို့ ဇွန် ၂၆ မှာအမှုတွေကို အပြီးစစ်မယ်။ တပတ်ခြားမဟုတ်တော့ဘဲ ရှေ့အပတ်ကစပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါတိုင်း ရုံးချိန်းရှိမယ်။ တရားလိုဘက်က သက်သေတွေကို ဇွန် ၂၈ နောက်ဆုံးထားစစ်ဖို့ပြီးမှ စွဲဆိုခံရသူဘက် စစ်မယ်" လို့ ဒီကနေ့ ရုံးချိန်းမှာ ပြုလုပ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ရှေ့နေအဖွဲ့ခေါင်းဆောင် ရှေ့နေဦးခင်မောင်ဇော်ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://m.facebook.com/story.php?story_fbid=4199845583404628&id=166580710064489

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.2K views07:30
திற / கருத்து
2021-06-07 09:17:10
တရုတ်နိုင်ငံတွင် မြစ်ရေကြီးခြင်းကြုံတွေ့နေရကြောင်း သတင်းမှားများကို ပုံအမှားများနှင့်တကွ ဖြန့်လျက်ရှိရာ ၎င်းသတင်းမှားပို့စ်တွင် အသုံးပြုထားသည့် ဓာတ်ပုံတစ်ပုံချင်းစီကို စစ်ဆေးထားပါသည်။

ပုံ ၁ - 2020 July က သတင်း
https://www.nytimes.com/2020/07/03/world/asia/china-floods-rain.html

ပုံ ၂ - 2017 July က သတင်း
https://weather.com/news/news/china-flooding-landslide-deadly-guangxi-hunan

ပုံ ၃ - 2020 August က သတင်း (အိန္ဒိယနိုင်ငံအကြောင်းဖြစ်ပြီး တရုတ်နှင့် မသက်ဆိုင်)
https://www.freepressjournal.in/photo-gallery/in-pictures-heavy-rain-lashes-india-flooding-in-many-parts-of-the-country

သတင်းမှား ပို့စ် - https://m.facebook.com/story.php?story_fbid=327715632217222&id=100049363624546

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.3K views06:17
திற / கருத்து
2021-06-07 08:13:48
ချင်းတောင်တန်း သာသနာပြုဆရာတော် အရှင်ပညာဇောတသည် မင်းတပ်မြို့မှထွက်ခွာစဉ် ချင်းပြည်သူ့ကာကွယ်ရေးတပ်များက သတ်ဖြတ်သည်ဟု ရေရာမှုမရှိသော လူမှုကွန်ရက်သတင်း ကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက ထပ်ဆင့်ဖော်ပြ၍ သတင်းမှားထုတ်ပြန်ထားကြောင်း ဆရာတော်နှင့် အဆက် အသွယ်ရရှိခဲ့သည့် သံဃာတော်တချို့ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများက အရှင်ပညာဇောတသည် ဇွန်လ ၇ ရက်နေ့ ဟားခါးတွင် ကျင်းပမည့် သာသနာဆိုင်ရာ စာမေးပွဲဖြေဆိုရန်အတွက် ဇွန်လ ၄ ရက်နေ့ မွန်း တည့် ၁၂ နာရီ ကားဖြင့် ထွက်လာပြီး လမ်းတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု သတင်းများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာမှုကို အခြေခံကာ စစ်ကောင်စီဝါဒဖြန့် သတင်းစာက ယင်းသို့ ပြန်လည် ဖော်ပြနေခြင်းဖြစ်သည်။

အဆိုပါ ချင်းဆရာတော်အသတ်ခံရသည်ဆိုသော သတင်းအမှားကို Han Nyein Oo ဆိုသော https://web.facebook.com/Han-Nyein-Oo-104338271564351 မှစတင်၍ သတင်းအမှား စတင်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

Source - https://www.facebook.com/385165108587508/posts/1215897385514272/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.1K views05:13
திற / கருத்து
2021-06-07 08:03:21
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ရဲ့အမှု ရုံးချိန်းကို ဒီနေ့ ဇွန်လ ၇ ရက်မှာ နေပြည်တော်မှာ ပြုလုပ်ဖို့ရှိပါတယ်။

သူတို့ သုံးဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အမှုတွဲတစ်ခုတည်းစွပ်စွဲခံ တရားရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ခေါက် ရုံးချိန်းမှာတော့ သုံးဦးစလုံးကို ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် အရင်တစ်ခေါက် ရုံးချိန်းတုန်းကတော့ နေပြည်တော်ကောင်စီနယ်မြေထဲက မြနန်းဘုံသာလမ်းမှာရှိတဲ့ သီးသန့်တရားခွင်မှာ အမှုကို ရုံးထုတ်မယ်လို့ ရုံးချိန်းပေးခဲ့တာဖြစ်ပေမဲ့ မေလ ၂၄ ရက်မှာ အမှန်တကယ် ရုံးထုတ်တဲ့အခါ မြနန်းဘုံသာလမ်းထဲမှာ မဟုတ်ဘဲ နေပြည်တော်ကောင်စီရုံးဝင်းထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.8K views05:03
திற / கருத்து
2021-06-07 07:41:25
ကန်အတွင်းရေးမှူး ဘလင်ကင်က မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုအရေး ကတိပေးပြောဆိုခြင်းဟာ ဒီမိုကရေစီအနာဂါတ်အတွက် အလွန်‌အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ NUG အစိုးရအမည်ကို ပထမဆုံးအသုံးပြုပြောဆိုလာတာဖြစ်ကြောင်း သိရပါတယ်။

Source -
https://m.facebook.com/story.php?story_fbid=10158128412016074&id=15877306073

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.7K views04:41
திற / கருத்து
2021-06-06 15:30:21
NUG ၏ ရခိုင်ပြည်ရှိ (ရိုဟင်ဂျာ) ဘင်္ဂလီများဆိုင်ရာ မူဝါဒသဘောထားနှင့်ပတ်သက်၍ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ၏ သဘောထားကို ထုတ်ပြန်လာပါတယ်။

Source -
https://m.facebook.com/story.php?story_fbid=938602166712225&id=443482472890866

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.2K views12:30
திற / கருத்து
2021-06-05 21:14:43
မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ သတင်းမှားသာပါတယ်။ “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားတာပါ။

မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

News218Media အမည်နဲ့ဘလော့ဂ်ကိုလေ့လာကြည့်ရာမှာ ၎င်းစာမျက်နှာဟာ အဓိကအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ခေါင်းစဉ်တွေတပ်ပြီး စာဖတ်ပရိတ်သတ်ကို လှည့်စားစွဲဆောင်ဖို့လုပ်ဆောင်ထားတဲ့ စာမျက်နှာတစ်ခုသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Source -
https://myanmar.factcrescendo.com/mandalay-protest-leader-ko-tayzar-san-shot-death/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.7K views18:14
திற / கருத்து