Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 6

2021-06-05 20:57:55 EDM 017's Channel pinned a photo
17:57
திற / கருத்து
2021-06-05 20:39:52
လက်ရှိစစ်‌အာဏာသိမ်းကာလကို ခုတုံးလုပ်လျက် ဖြန့်သည့် သတင်းမှားများမှာ လူမှုကွန်ရက်ပေါ်တွင် များစွာ ရှိနေရာ သတင်းမှန်/မှား ကို အချက်အလက်အသေးစိတ်ကျကျ စစ်ဆေးကာ ပြန်လည်တင်ပြပေးနေသည့် Fact Checking စာမျက်နှာများကို စုစည်း ဖော်ပြလိုက်ပါတယ်။

တွေးပြီးမှယုံ
https://www.facebook.com/ThinkBeforeYouTrust/

Factcrescendo Myanmar
https://www.facebook.com/factcrescendomyanmar/

Boom Myanmar
https://www.facebook.com/boommyanmarnews/

AFP Fact Check - Myanmar
https://www.facebook.com/AFPFactCheckMyanmar/

DVB Fact-Check
https://www.facebook.com/dvbfactcheck/

We Check
https://www.facebook.com/wecheck2021/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.1K viewsedited  17:39
திற / கருத்து
2021-06-05 20:23:10
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ လာမယ့်သီတင်းပတ်ထဲမှာ တရုတ်မှာပြုလုပ်မယ့် တရုတ်-အာဆီယံ နှစ်ပတ်လည် တွေ့ဆုံပွဲမှာ တွေ့ဖို့ ရှိနေပြီး အဲဒီမတိုင်ခင်မှာ မြန်မာကို စေလွှတ်မယ့် အာဆီယံ သံတမန် ရွေးချယ်ရေး အာဆီယံအတွင်း သဘောထားကွဲလွဲမှုကို မဖြေရှင်းနိုင်ရင် ဒီတွေ့ဆုံပွဲမှာ သီးခြားအစည်းအဝေးပြုလုပ် အဆုံးသတ် ဆုံးဖြတ်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်ရင်းမြစ်တွေက ထုတ်ဖော်ပြောထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.5K views17:23
திற / கருத்து
2021-06-05 20:08:50
မြန်မာသမ္မတရုံးရဲ့ ဝဘ်ဆိုက်ကို ဖောက်ထွင်းပြီး ဝဘ်ဆိုက်ရဲ့ရှေ့စာမျက်နှာမှာ download လုပ်လို့ ရတဲ့ မြန်မာစာလုံး font package ထဲမှာ backdoor trojan ဗိုင်းရပ်စ်ကို ဆိုက်ဘာသူလျှို ဟက်ကာအုပ်စုတစုက ထည့်သွင်းထားတယ်လို့ ယူဆရကြောင်း The record သတင်းမှာ ဖော်ပြပါတယ်။ ဒီဆိုက်ဘာကျူးကျော်မှုကို ဇွန် ၂ ရက်နေ့မှာ စလိုဗက် လုံခြုံရေးကုမ္ပဏီ ESET ကနေ တွေ့ရှိခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာသုံးထားတဲ့ malware အမျိုးအစားဟာ Mustang Panda, RedEcho သို့မဟုတ် Bronze President ကဲ့သို့သော codenames တွေအောက်မှာ သိထားကြတဲ့ တရုတ်အစိုးရ-ကြီးကြပ်မှုနဲ့ ဟက်ကာအဖွဲ့က မြန်မာပစ်မှတ်တွေကို သတင်းအချက်အလက်တွေ ခိုးယူဖို့ လုပ်ဆောင်ခဲ့ရာမှာ သုံးဖူးတဲ့ malware မျိုးနဲ့ဆင်တူတယ်လို့ သုတေသီတွေက ပြောပါတယ်။

DVB TV News
http://burmese.dvb.no/archives/467926

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.3K views17:08
திற / கருத்து
2021-06-05 17:08:54
စစ်သင်တန်းဆင်းလူငယ်များဟုဆိုကာ ဗီဒီယိုအဟောင်းများကို ယခုလက်ရှိသဖွယ် သတင်းမှားဖြန့်ဝေနေကြောင်း သိရပါတယ်။ “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး ကြည့်ရှူ့သည့်အကြိမ်အရေအတွက် ၁ ဒသမ ၃ သန်းကျော် ရှိပါတယ်။

အဆိုပါဗီဒီယိုများအား စစ်ဆေးကြည့်ရာ ဒီဗွီဒီယိုတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပတ်သက်တဲ့ ဗွီဒီယိုအဟောင်း‌တွေဖြစ်တာတွေ့ရပါတယ်။ ရှာဖွေရသမျှ ၂၀၂၀ ခုနှစ်၊ မေလတုန်းက တင်ထားသည့် ဗီဒီယိုတစ်ခု၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တင်ထားသည့် "20 Year Anniversary Video" အမည်ဖြင့် ဗွီဒီယိုတစ်ခုတို့ ဖြစ်ကြကြောင်း သိရပါတယ်။

Source -
https://myanmar.factcrescendo.com/these-videos-are-not-related-with-gen-z-military-training/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.5K views14:08
திற / கருத்து
2021-06-05 16:52:56
လက်ရှိစစ်အာဏာသိမ်းကာလကို ခုတုံးလုပ်ပြီး မဟုတ်မှန်တဲ့သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတဲ့ Clickbait စာမျက်နှာတွေရဲ့ အန္တရာယ်ဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာပါတယ်။

ယုတ္တိမရှိသည်ကိုသော်လည်းကောင်း၊ ယုတ္တိရှိရှိသတင်းမှားကိုသော်လည်းကောင်း ဖြန့်ကာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူပြီး စီးပွားဖြစ်လုပ်စားလျက်ရှိပါတယ်။ ၎င်းတို့စာမျက်နှာကို Real News Myanmar, Top 5 Myanmar, Entertainment Hot News အစရှိတဲ့ အမည်မျိုးပေးထားလေ့ရှိပြီး လူပြောများပုဂ္ဂိုလ်တွေကိုအသုံးချလျက် Photoshop ပြုလုပ်ထားကာ သတင်းမှားစာသားများထည့်သွင်းထားသည့် ဗီဒီယို Thumbnail ပုံဖြင့် လူစိတ်ဝင်စားမှုကို ရယူလေ့ရှိပါတယ်။

အဆိုပါ Clickbait စာမျက်နှာများမှ တင်သည့် သတင်းမှားများကို လုံးဝမကြည့်ရှုရန်၊ မယုံကြည်ရန်၊ မမျှဝေရန် အထူးလိုအပ်ကြောင်း အသိပေးလိုပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
1.4K views13:52
திற / கருத்து
2021-06-05 16:31:35
မီတာခမဆောင်ပါက အိမ်ထောင်ဦးစီးကို ထောင်ခြောက်လနဲ့ မီတာ Box ကို ရာသက်ပန်ဖြုတ်သိမ်းမည်ဟူသော သတင်းမှား လူမှုကွန်ရက်ပေါ်တွင်ပြန့်နေကြောင်း သိရပါတယ်။ အဆိုပါသတင်းမှားကို စစ်ကောင်စီထောက်ခံသူတွေက ရေးသားဖော်ပြနေကြတယ်လို့ သိရပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာ အစစ်အမှန်‌တွေကလည်း အဆိုပါသတင်းအား ရေးသားဖော်ပြခြင်းမရှိသလို စစ်ကောင်စီမှလည်း မီတာဆောင်ကြရန် ထုတ်ပြန်ထားသော်လည်း အရေးယူမှုနှင့်ပတ်သက်၍ ပြောဆိုခြင်းမရှိသေးကြောင်း သိထားရပါတယ်။

https://www.facebook.com/pvtvmyanmar/videos/4393258840726301/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.5K views13:31
திற / கருத்து
2021-06-05 08:30:21
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အရ အောက်ပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တာဝန်များ အပ်နှင်းလိုက်ကြောင်းသိရသည်။

https://www.facebook.com/102780861847894/posts/195324585926854/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.0K views05:30
திற / கருத்து
2021-06-04 16:12:00
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို အယုံအကြည်မရှိကြောင်း NUG အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ NUG အစိုးရ၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် ၎င်းတို့သဘောတူညီထားသော ၅ ချက်ကို သဘောမတူညီလျှင် စစ်ကောင်စီကို မည်သို့ အရေးယူမည်ဆိုသည်ကို NUG က အာဆီယံအတွင်းရေးမှူးချုပ်ရုံးထံ စာဆက်သွယ်​မေးမြန်းသော်လည်း စာပြန်ကြားခြင်းမရှိကြောင်း ဦးမိုးဇော်ဦးက ပြောဆိုသွားသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးကိုယ်စားလှယ်ခန့်ထားရေးပင် သဘောထားကွဲလွဲမှုများရှိနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။

https://m.facebook.com/story.php?story_fbid=1213642715739739&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.4K views13:12
திற / கருத்து
2021-06-04 15:39:37
အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရန်အတွက် အချိန်တစ်ခု ရောက်လျှင် တိုက်ပွဲခေါ်သံပေးမည်ဖြစ်ကြောင်း ဒေါ်ခင်မမမျိုးက ပြောဆိုသည်။

ယနေ့ NUG အစိုးရ၏ ပထမဆုံးသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခင်မမမျိုးက ဖြေဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်သူက ဦးဆောင်သူက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးကသာ အဓိက ကြောင်း၊ နေရာတိုင်းတွင် အကြမ်းဖက်စစ်အုပ်စုနှိမ်နင်းရေး အဖွဲ့များရှိနေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NUG အစိုးရအနေဖြင့် အချိန်ကာလတစ်ခုရောက်လျှင် တိုက်ပွဲခေါ်သံ ပေးမည်ဖြစ်​ကြောင်း၊ ယင်းအချိန်ရောက်လျှင် အကြမ်းဖက် စစ်အုပ်စုနှိမ်နင်းရေး အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

https://www.facebook.com/385165108587508/posts/1213617482408929/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.5K views12:39
திற / கருத்து