Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 7

2021-06-04 15:16:40
မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး ICJ မှာ စွဲတင်ထားတဲ့အမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထပ်ပြီးခုခံချေပဖို့မရှိတော့ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့က နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပတာတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ NUG အစိုးရကတော့ နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

DVB TV News
http://burmese.dvb.no/archives/468127

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.5K views12:16
திற / கருத்து
2021-06-04 14:52:52
မြန်မာနိုင်ငံမှာရောက်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။

ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof ၊ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တနာရီကျော်ကျော်လောက် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

VOA Burmese
https://burmese.voanews.com/a/asean-min-aung-hlaing-military-coup-/5916426.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.0K views11:52
திற / கருத்து
2021-06-04 13:29:10
ယနေ့ညနေ ၅ နာရီမှ စပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်လိုင်းများအား တစ်နာရီကြာပိတ်သွားမည်ဟု အင်တာနက်ကုမ္ပဏီများထံမှ သိရသည်။ ညနေ ၅ နာရီ မှ ၆ နာရီထိ ဖြစ်သည်။

https://www.facebook.com/100004375232733/posts/2058221871000301/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.9K views10:29
திற / கருத்து
2021-06-03 21:25:29
ကာမိုင်းမြို့ကို KIA တက်သိမ်းဟုဆိုကာ အချက်အလက်မှား ဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်က Facebook ပေါ်မှာ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁,၂၀၀ ကျော် ရှိခဲ့ပါတယ်။ အဆိုပါပုံများမှာ လက်ရှိအခြေအနေနှင့် မသက်ဆိုင်သည့် ၂၀၁၄ခုနှစ်နှင့် ၂၀၁၁ခုနှစ်တို့က ပုံများသာဖြစ်ပါတယ်။

ပထမဓာတ်ပုံကို Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ Invisible Photographer Asia-IPA ဝဘ်ဆိုဒ်မှာ ၂၀၁၄ခုနှစ်ကတည်းက တင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး ဒုတိယဓာတ်ပုံကတော့ ၂၀၁၁ခုနှစ်က ဧရာဝတီသတင်းဌာနက သတင်းပုံတစ်ခုသာ ဖြစ်နေတာကို တွေ့ရပါတယ်။

Source -
https://factcheckmyanmar.afp.com/kaamiungmiukiu-kia-simttychiuttaiakhkalkmaadhaattpunttepnnn

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.9K views18:25
திற / கருத்து
2021-06-03 21:17:03
အမျိုးသားညီညွတ်ရေးအစိုးရမှ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၄ရက်နေ့တွင် ကျင်းပမည်ကို ဖိတ်ကြားခံရသည့် RFA သတင်းထောက်၏ ဖော်ပြချက်အရ သိရသည်။

Source -
https://m.facebook.com/story.php?story_fbid=1621909301336661&id=100005528202927

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.1K views18:17
திற / கருத்து
2021-06-03 20:10:34
လက်ရှိအချိန်အတောအတွင်း Coca Cola အမှတ်တံဆိပ်ကို အသုံးပြုထားသည့် Phishing Scam လင့်ခ်များ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေကြောင်း သိရပါတယ်။ လူအယောက် နှစ်ဆယ်အား အဆိုပါလင့်ခ်ကို မျှဝေပါက အပြာတန်းပြည့်ပြီး ဒေါ်လာ တစ်ထောင်ရမည်ဟု ရေးထားသည်မှာ အကြောင်းပြထားသည်သာဖြစ်ပြီး ဒေါ်လာတစ်ထောင် အမှန်တကယ်ရရှိမည်မဟုတ်ဘဲ လင့်ခ်ကို နှိပ်ပြီး ၎င်းတို့စေခိုင်းသည်အား ဆက်လုပ်ဆောင်ရန်၊ ထိုမှတစ်ဆင့် လင့်ခ်ကိုနှိပ်လိုက်သူ၏ အချက်အလက်များကို ရရှိနိုင်ရန် ပြုလုပ်ထားသည့် Scam တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါလင့်ခ်ကို လုံးဝ မနှိပ်မိစေရန်နှင့် မျှဝေခြင်းလည်း မပြုရန် အသိပေးလိုပါတယ်။

Phishing Scam အန္တရာယ် သတိပြု - ၁
https://m.facebook.com/story.php?story_fbid=3401702489934680&id=1089441034494182

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.6K views17:10
திற / கருத்து
2021-06-03 17:31:05
ယနေ့ည ၈နာရီတွင် MRTV မှ သတင်းထုတ်လွှင့်ခဲ့သော စစ်ကောင်စီခေါင်းဆောင်နှင့် တရုတ်ပိုင်မီဒီယာ Phoenix တို့၏ အင်တာဗျူး အပြည့်အစုံကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုပါ။

Source -
https://twitter.com/mrtvwebportal/status/1400444620668948483?s=21

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.8K viewsedited  14:31
திற / கருத்து
2021-06-03 15:46:15
အာဆီယံ အထွေထွေအတွင်းရေးမှူးနှင့် ဘရူနိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ ယနေ့ညနေတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးသည် မနက်ဖြန်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန်ရှိကြောင်း သံတမန်အသိုင်းအဝိုင်းမှ သတင်းများအရ သိရသည်။ ဤသတင်းကို Nikkei သတင်းဌာနမှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Source - https://asia.nikkei.com/Spotlight/Myanmar-Coup/Myanmar-coup-latest-Brunei-emissaries-to-meet-junta-chief-on-Friday

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
14.9K views12:46
திற / கருத்து
2021-06-03 15:31:49
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အိုင်စီအာစီ ဥက္ကဋ္ဌနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဇွန်လ ၃ ရက်နေ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တယ်လို့ ဂျပန်အခြေစိုက် နစ်ကေးအေးရှား သတင်းမှာ ရေးသားထားပါတယ်။

အိုင်စီအာစီအဖွဲ့တွေကို အကျဉ်းထောင်တွေထဲ ပြန်လည်လေ့လာခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ရာနေရာတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုထောက်ပံ့ကူညီခွင့်ရဖို့ အိုင်စီအာစီ ဥက္ကဋ္ဌ မစ္စတာ ပီတာ မောင်ရာက တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ အိုင်စီအာစီ မြန်မာရုံးက လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။ စစ်တပ်ဘက်ကိုလည်း ဆက်သွယ်လို့ မရသေးဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K viewsedited  12:31
திற / கருத்து
2021-06-03 13:27:52
အမျိုးသားညီညွတ်ရေးအစိုးရမှ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားကို ထုတ်ပြန်လာသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် ခွဲခြားဆက်ဆံမှုမှန်သမျှကို လက်မခံဘဲ လူမျိုးတိုင်းသည် လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ခံစားခွင့်ရှိသည့် တစ်သီးပုဂ္ဂလ အခွင့်အရေးများနှင့် လူမျိုးအလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို အပြည့်အဝခံစားပိုင်ခွင့်ရှိရမည်ဟု ဆိုသည်။

၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် တခြားဖိနှိပ်သည့်ဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းနှင့် အသစ်ပြဌာန်းခြင်းလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအပြီး လုပ်ဆောင်ခြင်းသည် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်‌ကြောင်းလည်း ဆိုထားသည်။

Source -
https://m.facebook.com/story.php?story_fbid=123716479848992&id=105408625013111

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K views10:27
திற / கருத்து