Get Mystery Box with random crypto!

“သွန်းနေစိုး” ဆိုတာ ■ လူသတ်ဖို့ အားပေးတဲ့ ဒေါက်တာဇော်ဝေစိုး၊ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

“သွန်းနေစိုး” ဆိုတာ

■ လူသတ်ဖို့ အားပေးတဲ့ ဒေါက်တာဇော်ဝေစိုး၊ ဂျင်မီ၊ မိုင်းမိုင်ဆိုင်းတို့ တတွေနဲ့လုပ်ခဲ့ကြတဲ့ နိုင်ငံ့အရေး ထွေရာလေးပါး ဝိုင်းဖွဲ့ဆွေးနွေးကြတဲ့ PVTV ရဲ့ #မိသားစုစကားဝိုင်း အစီအစဉ် မှာပါတဲ့ သွန်းနေစိုးဆိုတာ သမိုင်းကြောင်းကောင်းသူတစ်ဦးတော့မဟုတ်ပါဘူး။

■ အင်တာနက်ကို ဒီဘက်ခေတ်မှ မဟုတ်ဘူး။ Blogger ခေတ်မှာ သုံးခဲ့တဲ့သူတွေဆိုရင် တော့ သွန်းနေစိုးအကြောင်း ကောင်းကောင်းသိကြမှာပါ။ တခေတ်တခါတုန်းကတော့ "မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း" ။ "မင်းကိုနိုင်၏ ဒီမိုကရေစီဖဲကြိုးဖြတ် ခရီးရှည်" ။ "ထူးဆန်းအံ့ဖွယ်ကောင်းလှစွာသော အကယ်ဒမီ" ။ "ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင်" ။ "ဇာဂနာ သို့မဟုတ် လူထုအော်လံ " စတဲ့ ဆောင်းပါးတွေနဲ့ ထင်ရှားခဲ့သူတစ်ဦးပါပဲ။

■ တကယ်တော့ သွန်းနေစိုးဆိုတာ ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တုန်းက မင်္ဂလာတောင် ညွှန့် ရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ “ကာမလိမ်လှယ် ပြန်ပေးဆွဲမှု”နဲ့ အမှုအဖွင့်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သွန်းနေစိုး(ခ) ဒဿကျော်စွာ က (၉)တန်းနှစ်က တည်းက အိမ်ထောင်ကျခဲ့သူ ဖြစ်သလို ကလေးအဖေ တစ်ဦးလည်းဖြစ်ပေမဲ့ အဲဒီခေတ်အချိန်တုန်းက အွန်လိုင်းပေါ်မှာ “ဖူးစာရှင်ရွေးချယ်ပွဲ”တွေ ဘာညာတောင် လုပ်ခဲ့ဖူးသေးပါတယ်။ သူ့အကြောင်းကို အဲချိန်တုန်းက “ဥက္ကာကိုကို”ဆိုတဲ့သတင်း‌ ထောက်က သတင်းရေးခဲ့ဖူးတယ်။

■ သူများ ပါဆင်နယ်ကို သာမန် ဆို ရေးလေ့ ရေးထမရှိပါဘူး။ ဒီစကားဝိုင်းအောက်မှာ သူငယ်နှပ်စား ကလေးတွေက သမိုင်းကြောင်းလည်းမသိပါဘဲနဲ့ သူရဲကောင်းပုံစံ နဲ့ မြှောက်ပြောနေတာတွေ့လို့ ဒီစကားဝိုင်းမှာပါတဲ့သူတွေရဲ့ကိုယ်ကျင့်တရားလောက် တော့ သိထားသင့်တယ် ထင်လို့ပါ။



#ဖိုးစီ
(နောက်ဆုံး ပုံက သူရဲ့ပရိုင်ဖိုင်လေးပေါ့ဗျာ)