Get Mystery Box with random crypto!

မြန်မာ့တပ်မတော်ကိုယ်စားပြု ယဉ်ကျေး မှု တပ်ဖွဲ့ဝင်များ ပထမဆုတစ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

မြန်မာ့တပ်မတော်ကိုယ်စားပြု ယဉ်ကျေး မှု တပ်ဖွဲ့ဝင်များ ပထမဆုတစ်ဆု၊ ဒုတိယဆု နှစ်ဆု နှင့် တတိယဆု တစ်ခုဆွတ် ခူးရရှိ
=========================
■ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော ရိုးရာယဉ်ကျေးမှုအနုပညာတေးသီချင်းများ ယှဉ်ပြိုင်မှုတွင် မြန်မာတပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှု အဖွဲ့အနေဖြင့် နိုင်ငံ ပေါင်း ၁၅ နိုင်ငံများမှ ကိုယ်စားပြုအသင်းများနှင့်အတူ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေ တင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှား သီချင်းဖြင့် တစ်ဦး ချင်းသီဆိုဖျော်ဖြေ တင်ဆက်မှု တွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာ ယဉ်ကျေးမှု ကို ပေါ်လွင် ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက် ပြသမှုတွင် ဒုတိယဆု တို့ကို ဆွတ်ခူးရရှိခဲ့သည့် အပြင် အွန်လိုင်းမှတဆင့် ပရိတ်သတ် များ၏ မဲပေးရွေး ခြယ်မှုတွင်လည်း တတိယဆု ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ကြောင်း သိရှိရ သည်။


■ အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဖွဲ့အနေဖြင့် “စင်တော်ပြိုင် ရုပ်သေးရုပ်အ က”၊ “မြန်မာ့စောင်းယိမ်းအလှအက”များဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ၌ မြန်မာ့ရိုးရာ တူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့်အညီ ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင် ပြသ နိုင်ခဲ့သည့်အပြင် Internatio - nal Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စု များ စွမ်းရည်ပြိုင်ပွဲများတွင်လည်း အကောင်းဆုံး စွမ်းဆောင်ရည်များနှင့် ယှဉ်ပြိုင်လျက် ရှိကြောင်း သိရှိရသည်။



#ဖိုးစီ
#MWD