Get Mystery Box with random crypto!

“ဒီတောင်ကို မောင်ဖြိုမယ် မြင်းမိုရ်မို့လား” ========== ■ မနက်ဖ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

“ဒီတောင်ကို မောင်ဖြိုမယ် မြင်းမိုရ်မို့လား”
==========
■ မနက်ဖြန် ကျင်းပမဲ့ Division 2 ရဲ့ ဖိုင်နယ်မှာ ထူးထူးခြားခြားအနေနဲ့ ဥပရော (၃)သင်း(Tajikistan Kyrgyzstan South Ossetia နဲ့ အရှေ့တောင်အာရှက မြန်မာ(၁)သင်း( )တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

■ ထုံးစံအတိုင်း Crew ၃ ခုက ကွင်း (၁၂)ပတ်၊ ပစ်မှတ်(၂၄)ခုကို ပစ်ခတ်ရင်း လက်ဆင့် ကမ်းယှဉ်ပြိုင်ရမှာဖြစ်လို့ ကျွမ်းကျင်မှု၊ တင့်ကားကြံ့ခိုင်မှု၊ စက်သေနတ်တွေပစ်ခတ်ရာမှ ကျည်ညှပ်တာတွေ မဖြစ်မှုဆိုတဲ့ အရာတွေ ရှောင်ရှားနိုင်ရင်တော့ အကောင်းဆုံး ရလာဒ် ရရှိမယ်လို့ မျှော်လင့်မိပါတယ်။

■ ပျှမ်းမျှ ကြာချိန် (၂)နာရီဖြစ်ပြီးတော့ ရာသီဥတုအနေနဲ့လည်း မိုးဖွဲဖွဲလည်း ကျနေဦးမှာ ဖြစ်လို့ ဂရုစိုက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိချက်(၉)ချက်အထိ မှန် ခဲ့တာက ကောင်းမွန်တယ်လို့ ဆိုလို့ရပေမဲ့ ဖိုင်နယ် မှာတော့ ဆုံးဖြတ်ချက်တွေ မှန်စေချင် ပါတယ်။ ဥပမာ-ထိချက်ကို မှန်အောင် ပစ်မှာလား၊ ကွင်းပိုကိုပဲ ခပ်မြန်မြန်ပတ်ပြီး စံချိန်ကို ပဲ ဦးစားပေးမှာလား ဆို တာတွေကို ကြိုပြီး တိုင်ပင်ညှိနှိုင်းထားစေချင်ပါတယ်။

■ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် မြန်မာစံတော်ချိန် ၂ နာရီခွဲမှာ TV ရှေ့မှာ စောင့်မျှော် အားပေးရင်း တင့်ပြိုင်ပွဲ နောက်ဆုံးနေ့မှာ မြန်မာတင့်အဖွဲ့ ပထမဆု ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။



#ဖိုးစီ