Get Mystery Box with random crypto!

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြိုနယ် ပုသိမ်ညွန့်ရပ်ကွက် သံသု | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြိုနယ် ပုသိမ်ညွန့်ရပ်ကွက် သံသုမာလမ်း ကြက်ဘဲဈေးအနီးရှိ တပ်မတော်ငါးပိနှင့် ငံပြာရည်စက်ရုံရှေ့တွေ့ ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၅ နာရီခန့်က ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်။ ပထမအကြိမ်ပေါက်ကွဲမှုတွင် သာမန်ပြည်သူတစ်ဦးဖြစ်သည့် ကြက်ဘဲဈေးမှ စာရေးတစ်ဦး ပုခုံးတွင် ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့။ ပေါက်ကွဲမှုဖြစ်ချိန်တွင် မသင်္ကာသော ကားတစ်စီးအား စစ်ဆေးရန်တားစီးစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းဖြစ်သူတွင် ခြေသလုံးကျည်ပေါက်ထွက် ဒဏ်ရာဖြင့် ဖမ်းဆီးမိခဲ့။ လက်ရှိတွင် ဒဏ်ရာရသူများအား ဆေးရုံသိုပို့ဆောင်ထား။