Get Mystery Box with random crypto!

“မပတ်သက်ချင်လျင် ကင်းအောင်နေဖို့ကြိုးစားစေချင်” ========== ■ ဘ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

“မပတ်သက်ချင်လျင် ကင်းအောင်နေဖို့ကြိုးစားစေချင်”
==========
■ ဘဝမှာ ကိုယ်ပေါင်ကိုလှန်ထောင်းရတာလောက် နာတာမရှိပါဘူး။ ကျွန်တော်ရဲ့ အဖေဟာ သာမန် အစိုးရဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။ တပ်မတော်ကို ဘယ်လောက် အထိ ချစ်မြတ်နိုးခဲ့သလဲဆိုရင် ကျွန်တော်တို့နယ်ဘက်မှာ စစ်သားဖြစ်တဲ့သူက လက် ဆယ်ချောင်း မပြည့်ပါဘူး။ တပ်မတော်ထဲကို ဝင်ခွင့်ပြုမဲ့ဖောင်စာရွက်ကို သွားယူတာက မိုင်ပေါင်း (၂၀)ကျော် ဝေးပါတယ်။ အသွားအပြန်နဲ့ဆိုရင် မိုင်ပေါင်း(၄၀)ကို ခြေလျင်လျှောက်ခဲ့ရတာဖြစ်ပါတယ်။ ပြောချင်တာက ကျွန်တော်ဟာ စစ်သားမျိုးနွယ် မဟုတ်ခဲ့ပါဘူးဆိုတာကို ရှင်းပြလိုရင်းသပ်သပ်ဖြစ်ပါတယ်။


■ တပ်မတော်ဟာ ၆၂ ခုနှစ်မှာ အကြောင်းမဲ့ အာဏာသိမ်းခဲ့တာမဟုတ်သလို ၈၈ ခုနှစ်မှာလည်း အာဏာလိုချင်လွန်းလို့ သိမ်းခဲ့တာလည်းမဟုတ်ခဲ့ပါဘူး။ အဲ့ဒီလိုပဲ ၂၀၂၁ အာဏာထိန်းဖြစ်စဉ်ကလည်း အကြောင်းမဲ့ ထိန်းသိမ်းခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ စစ်အာဏာသိမ်းဖြစ်စဉ်တွေအပေါ်မှာ အကြောင်းမဲ့ နှစ်ခြိုက်သဘောတူ လက်ခံနေတာ မျိုး မရှိပါဘူး။ လက်ရှိ ဖြစ်စဉ်တွေမှာလည်း အစဉ်တစိုက်အားဖြင့် ဆူပူမှုတွေ မလုပ်ကြပါနဲ့၊ အကြမ်း ဖက်မှုတွေနဲ့ ထိပ်တိုက်မရင်ဆိုင်ကြပါနဲ့၊ ဖွဲ့စည်းပုံမှာ တပ်ကို ပေးထားချက်အရ အချိန်အားဖြင့် ၂ နှစ်ပဲရှိတာဖြစ်လို့ တပ်ကို ရွေးချယ်စရာမရှိတော့မဲ့ ကျဉ်းထဲ ကြပ်ထဲ ရောက်အောင် တွန်းမပို့ပါနဲ့၊ အကြမ်းမဖက်ကြပါနဲ့ လို့ ရေးသားခဲ့သူ သာဖြစ်ပါတယ်။


■ လက်ရှိအချိန်မှာ တပ်ဟာ အလုံးဆုံး အာဏာသိမ်းတာမဟုတ်ပါဘူး။ တပ် ကသာ အာဏာသိမ်းချင်ရင် ခြေဥလည်းရှိစရာအကြောင်းမရှိတော့ပါဘူး။ တကယ်လို့ တပ်ကသာ အာဏာသိမ်းသွားခဲ့ရင် တပ်မတော်တစ်ခု တည်းက သာ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီး(၃)ရပ်ကို အုပ်ချုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုသာ အင်စတီးကျူးရှင်တစ်ခုတည်းက အုပ်ချုပ်သွားရင် မဏ္ဍိုင်ကြီး (၃)ရပ်က တခုနဲ့တခု အထိန်းအကွပ်မရှိတော့တာဖြစ်လို့ ခြစားမှုတွေ၊ အကျင့် ပျက်မှု တွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးခေတ်ကို ပြန်မသွားစေချင်တော့ပါဘူး။


■ လက်ရှိတပ်မတော်သားမျိုးဆက်တွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြသနာ (၂)ခု ရှိပါတယ်။ ပထမတစ်ခုက စစ်အစိုးရ စစ်စစ်လက်ထက်မှာ အဖေအားကိုး၊ အဘိုးအားကိုးနဲ့ လက်ညိုးညွှန်တိုင်းရွှေဖြစ်ခဲ့တဲ့သူတွေက ခါတော်မီ ထမိန်ထခြုံကြတဲ့ဖြစ်စဉ်ဖြစ်ပြီးတော့ ဒုတိယ ပြသနာက ကိုယ်ယောကျ်ား (သို့) ကိုယ်ဖခင်ကိုယ်တိုင် တပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်ဆဲဖြစ်နေပါ ရက်နဲ့ တပ်မတော်ရဲ့အကြီးအကဲတွေကို လူသိရှင်ကြား စော်ကားတာ၊ တပ်မ တော်ဆိုတဲ့ အင်စတီးကျူးရှင်းအပေါ်မှာ ဝေဖန်ကဲ့ရဲ့ပြီး လူမှုကွန်ရက် စာမျက် နှာတွေပေါ်မှာ လူတွင်ကျယ် လုပ်ချင်တဲ့ ပြသနာတွေကို မြင်တွေ့နေရတာ ဖြစ် ပါ တယ်။ ဒဲ့ပြောချင်တာက ဒီအင်စတင်းကျူးရှင်းကို မယုံကြည်ရင် မပတ် သက်ကြပါနဲ့။ မမှီ ခိုကြပါနဲ့။ ယူထားတာက စစ်ဗိုလ်၊ တော်ထားတဲ့ အဖေက အရာခံ/အရာရှိကြီးတွေ ဖြစ်ပြီးမှ တပ်မတော်ကို စော်ကားတာ၊ အဖွဲ့အစည်းကို ချနင်းတာမျိုးကို လုံးဝ လက်မခံ ပါဘူး။


■ ဖခင်ဖြစ်သူက ရာထူးကြီးမားတဲ့ သူပဲဖြစ်ဖြစ်၊ ရဲဘော်တပ်သားအဖြစ် ပဲဖြစ်ဖြစ် မှီခိုသူ သားသမီမှန်သမျှက (တပ်ထဲ မှာ လိုက်မနေ ဘဲ အပြင်နေသူ များကလွဲလို့)တပ်ရဲ့ အရိပ် အာဝါသ၊ တပ်မတော်ရဲ့ ကျေးဇူးသစ္စာတရားနဲ့ ကင်းသူ ရှားပါတယ်။


■ အပေါ်က စကားကို ပြန်ဆက်ရရင် အာဏာသိမ်းဖြစ်စဉ်တွေရဲ့ အကျိုးဆက် ထဲကနေ အဘိုး/ယောက္ခမကိုယ်တိုင် သက်ရှိထင်ရှား ရှိနေပါရက်နဲ့ မျက်နှာ ပြောင်ပြီး ထမိန်ခြုံဖို့ ပြင်နေတဲ့ သူတွေကြောင့် တပ်မတော်ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ သူတို့ကိုယ်တိုင် မကျူးလွန်ခဲ့တဲ့ အဲဒီသူတွေရဲ့ပြစ်မှုတွေကို ခါးစီးခံစား ပေးနေရတာကို မလိုချင်ကြ တော့ပါဘူး။ ဒုတိယ ပြသနာကတော့ ဩဂုတ်လ ၁၄ ရက်နေ့က ဖြစ်သွားခဲ့တဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို ရက်ရက် စက်စက်သတ်သွားခဲ့တဲ့ တရားခံတွေကိုမှ (လက်ရှိ ဖခင်ဟာ တပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်ဆဲ ဖြစ်နေတယ်လို့ သိရ) အကာအကွယ် ပေးခဲ့တဲ့ သစ္စာ ဖောက်တွေကိုပါပဲ။ တိုင်းပြည် တည်ငြိမ် အေးချမ်းသွားရင် နောက်ဆက်တွဲ အနေနဲ့ အဖွဲ့အစည်းထဲက ရှင်းထုတ်ဖို့ လိုနေပါပြီလို့ မြင်မိပါတယ်။


■ ခုတော့ “ယူထားတာက စစ်ဗိုလ်၊တော်ထားတာက ဖခင်၊ လိုက်နေတာက တပ်မတော် လိုင်းခန်း၊ ဆဲနေတာက ကိုယ့်အဖွဲ့အစည်း”ဆိုတာတွေကို ခပ်စိတ် စိတ် မြင်နေရတာ အော့နှလုံးနာရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ခင်ဗျားတို့ ဒီအဖွဲ့အစည်းကို မကြိုက်ရင်၊ ဒီအဖွဲ့အစည်းနဲ့ မပတ်သက်ချင်ရင် ကင်းအောင်နေကြပါလို့ ပြောချင်ပါတယ်။ တကယ်လို့ ကင်းအောင်မနေနိုင် ဘူးဆိုရင်လည်း ငြိမ်ငြိမ်လေး နေပေးဖို့ တောင်းဆိုချင်ပါ တယ်။ အရိပ်နေပြီး အခတ်ချိုးချိုးတော့ မလုပ်ကြပါနဲ့လို့။



#ဖိုးစီ