Get Mystery Box with random crypto!

MMA လက်ဝှေ့ အားကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်ဟာ မေလ ၅ ရက်နေ့ ညပိ | EDM 017's Channel

MMA လက်ဝှေ့ အားကစားသမားတစ်ဦးဖြစ်သူ ဖိုးသော်ဟာ မေလ ၅ ရက်နေ့ ညပိုင်း က ဗဟန်းမြို့နယ် နတ်မောက်လမ်း ဗိုလ်ချုပ်ပန်းခြံထဲက Team PT အားကစားခန်းမှာ လက်လုပ်မိုင်းစမ်းသပ်ဖို့ လုပ်နေစဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပေါက်ကွဲမှုကြောင့် ဖိုးသော်ရဲ့ ခန္ဓာကိုယ်အနှံ့ ဗုံးစတွေ ထိမှန်ဒဏ်ရာရခဲ့ပြီး ည ၁၁ နာရီခွဲခန့်မှာ မြောက်ဥက္ကလာပမြို့နယ်ထဲက မေဓါဝီဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူငယ် ၃ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017