Get Mystery Box with random crypto!

ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် စစ်အာဏ | EDM 017's Channel

ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို သတင်းယူနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဧပြီ ၂၈ ရက်မှစ၍ တိုက်ပိတ်ထားကြောင်း ၎င်း၏ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

“သူပြောတာကတော့ ဘာမှတော့ သူကမလုပ်ဘူး။ ထောင်ထဲမှာ ထိုင်သပိတ်လုပ်ဖို့တို့ ဘာတို့ တခြားသူတွေ လုပ်တာတော့ရှိတယ်။ သူကတော့ (အစ္စလာမ်ဘာသာဝင်များ၏) ဥပုဉ်လမို့ အစာမစားတာပဲ ရှိတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ တိုက်ပိတ်ခံရတယ်တဲ့”ဟု ဒေါ်နီလာခိုင်က ပြောသည်။

Myanmar Now
https://www.myanmar-now.org/mm/news/6702

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017