Get Mystery Box with random crypto!

သြစတြေးလျရောက်မြန်မာတွေကို သြဇီအစိုးရက Visa Class တစ်ခုသတ်မှတ် | EDM 017's Channel

သြစတြေးလျရောက်မြန်မာတွေကို သြဇီအစိုးရက Visa Class တစ်ခုသတ်မှတ်ပေးလိုက်ပြီး သူ့နိုင်ငံသားအခွင့်အရေးတွေအတိုင်း ပေးတော့မယ်ဆိုတာ ချဲ့ကားပြောဆိုရေးသားချက် သာဖြစ်ပါတယ်။

အမှန်တကယ် သြစတြေးလျအစိုးရပြောတာက ဩဇီမှာရောက်နေတဲ့ မြန်မာတွေ Visa သက်တမ်းကုန်ရင် အတင်းပြန်လွှတ်မှာ မဟုတ်ဘဲ သင့်တော်ရာ Visa ကို “Case-by-case” စဉ်းစားမယ်လို့ ပြောတာပါ။

Source -
www.theguardian.com/australia-news/2021/apr/14/australian-government-tells-myanmar-nationals-they-wont-be-forced-to-return

သူပြောတဲ့ Safe Haven Enterprise Visa ဆိုတာက သြဇီကို ဗီဇာမရှိဘဲရောက်လာတဲ့သူတွေ Asylum ခံချင်ရင်လျှောက်ရတဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ်။ အသေးစိတ်ကို ဒီမှာဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။

https://immi.homeaffairs.gov.au/visas/getting-a-visa/visa-listing/safe-haven-enterprise-790

ခုလိုကာလမှာ သတင်းအစအနလေးတစ်ခုကို လိုရာဆွဲတွေးတာမျိုး၊ မစားရ ဝခမန်း ဖွတာမျိုးတွေကို သတိထားကြဖို့ အသိပေးလိုပါတယ်။

We Check မှ ကူးယူဖော်ပြသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017