Get Mystery Box with random crypto!

မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည | EDM 017's Channel

မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ လွှဲပြောင်းပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာ ထောက်ပံ့တာတွေ မလုပ်ပဲ ဆက်လက် ပိတ်ပင်တားမြစ်ဖို့ သန္နိဋ္ဌာန်ချမှတ်ကြောင်း G7 စက်မှုထိပ်သီး ၇ နိုင်ငံ- နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ ၅ ရက်နေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်နိုင်ငံကပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ပစ္စည်းတွေ ရောင်းချတာ ထောက်ပံ့တာ မလုပ်ဖူးလို့ ဂျပန်က ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား ကတိပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်က ၄၃ နိုင်ငံမြောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အာရှနိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ဖြစ်ပြီး ဒီ ၂ နိုင်ငံစလုံးဟာ မြန်မာစစ်တပ်ကို အရေးယူလေ့မရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com/a/japan-sanction-armed-embargo-on-myanmar-/5881082.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017